မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်အပါအဝင်
လက်ရှိ တိုင်း အစိုးရအဖွဲ့မှ ဝန်ကြီးအများစု သည် လာမည့်ရွေးကောက်ပွဲတွင်
ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားကြောင်း သတင်းရရှိ သည်။
မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဒေါက်တာမြင့် ကြူမှလွဲ၍
ဝန်ကြီးချုပ်အပါအဝင် ကျန်ရှိသည့်အစိုးရအဖွဲ့ ဝန်ကြီး များက
လာမည့်ရွေးကောက်ပွဲ တွင်ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီသို့
အဆိုပြုထားသည်ဟု အလုပ်အမှုဆောင်အချို့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
ဝန်ကြီးအချို့ထံမှ သိရသည်။
‘‘အတည်တော့မဖြစ်သေး ဘူး။ ကိုယ့်သဘောထားကိုယ် ဆန္ဒပြုရတဲ့သဘောပါ။ ဘယ်သူ
တွေပြိုင်မယ်၊ မပြိုင်ဘူးဆိုတာ ကတော့ ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ရဲ့
ဆုံးဖြတ်ချက် အပေါ်မူတည်ပါတယ်။ ပါတီဗဟို က ဘယ်သူတွေကို တာဝန်ပေး
မလဲဆိုတာကတော့ ဒီလကုန် လောက် နောက်ဆုံးအတည်ပြု ချက် ထွက်မယ်ထင်တယ်။ ကိုယ်
ကမပြိုင်ချင်လို့ ဆန္ဒပြုမထား လည်း ပါတီဗဟိုကနေ သင့်တော် တယ်ထင်လို့
တာဝန်ပေးရင်တော့ ပါတီရဲ့ဆုံးဖြတ်ချက်ကို ငြင်းပယ် လို့မရဘဲ
ဝင်ပြိုင်ရမှာဖြစ်ပါတယ်’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(မန္တလေးတိုင်း ဒေသကြီး)မှ အလုပ်အမှုဆောင် အဖွဲ့ဝင်ဦးသိန်းလှကပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြို့နယ်များမှပင်
ထပ်မံဝင်ရောက်ယှဉ်ပြိုင်ကြဖွယ်ရှိပြီး ထိုသို့ပင်အဆိုပြုထားကြသည်ဟု
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးကျော်မြင့်ကပြောသည်။
‘‘အဓိကကတော့ ပါတီဗဟို ရဲ့ဆုံးဖြတ်ချက်ပါပဲ။ ဝန်ကြီးတွေ အနေနဲ့ကတော့
ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့အတွက် သက်ဆိုင် ရာခရိုင်အလိုက် နယ်မြေတွေ
တာဝန်ယူထားရတော့ ကိုယ့်ဒေသကနေပဲ ပြန်ပြိုင်ကြဖို့ရှိပါတယ်’’ ဟု
ဝန်ကြီးဦးကျော်မြင့်ကပြော သည်။စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်)၊
လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီးနှင့်
စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးတို့က ရွေး
ကောက်ပွဲထပ်မံဝင်ရောက်ယှဉ် ပြိုင်တော့မည်မဟုတ်ကြောင်း
သတင်းထွက်ပေါ်ခဲ့သော်လည်း ပါတီ၏ တာဝန်ပေးချက်အရ ရွေးကောက်ပွဲဝင်ရန် အဆိုပြု
ထားခြင်းဖြစ်သည်ဟုဆိုသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့
ဖြိုးရေးပါတီအနေဖြင့် မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ် ၂၈
မြို့နယ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဟု ဦးသိန်းလှကပြောသည်။
Credit to >>> 7Day Daily
Monday, July 27, 2015
ဝန်ကြီးချုပ်အပါအဝင် လက်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားဟုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment