ဇူလိုင် ၂၆ ရက်တွင် ကျရောက်သော ရုရှားနိုင်ငံ၏ ရေတပ်ဖွဲ့နေ့သို့
ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ရေတပ်သည်
နိုင်ငံအတွက် ကာကွယ်ရေး စွမ်းအားတစ်ခု ဖြစ်သည့်အပြင် နိုင်ငံ၏
အကျိုးစီးပွား များကို ကာကွယ်ပေးသည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ ယခုစစ်ရေးပြ
အခမ်းအနားတွင် ပါဝင်သည့် ဘောလ်တစ် ရေယာဉ်စု သည် ကမ္ဘာတစ်ဝန်းရှိ မည်သည့်
ပင်လယ်ပြင်တွင်မဆို တာဝန်ထမ်းဆောင်နိုင်ရန် အတွက် လိုအပ်ချက်များအားလုံး
ဖြည့် ဆည်းပေးပြီး ဖြစ်ကြောင်း ကယ်လီနင်ဂရတ် ဒေသရှိ ဘားလ်တစ်ခ်မြို့၌ ပြုလုပ်သော ရုရှား ရေတပ်ဖွဲ့နေ့ အခမ်းအနားတွင် သမ္မတပူတင်က ပြောကြားသည်။
ထို့ပြင် ရေတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် နေသူများသည် နိုင်ငံတော်နှင့်
တပ်ဖွဲ့အတွက် အလွန်သစ္စာရှိသော တပ်ဖွဲ့ဝင် များ ဖြစ်ကြောင်း၊
ရေတပ်ဖွဲ့ဝင်များ၏ မျိုးချစ်စိတ်ကို အသိအမှတ်ပြုကြောင်း၊ အဆိုပါ
စိတ်ဓာတ်များကို မျိုးဆက်တစ်ခု မှ နောက်မျိုးဆက် တစ်ခုသို့ လက်ဆင့်ကမ်း
သွားရမည် ဖြစ်ကြောင်းနှင့် အနာဂတ် မျိုးဆက်သစ် များအတွက် ခေတ်မီ၍
အင်အားတောင့်တင်းသော ရေတပ်ဖွဲ့ကို ဖန်တီးသွားရမည် ဖြစ်ကြောင်း ပူတင်က
ထပ်လောင်း ပြောကြားသည်။
Credit to >>>Myawaddy
Credit to >>>Myawaddy
0 comments:
Post a Comment