ကချင်ပြည်နယ်
မိုးညှင်းမြို့နယ်၌ ဇူလိုင် ၁၄ ရက်မှ ၂၄ ရက်အထိ ၁၁ ရက်ကြာ
မိုးရွာသွန်းခြင်းကြောင့် စပါး စိုက်ပျိုးပြီး လယ်မြေများအချို့ဟဲလုံကွင်းဧက
၅ဝ၊ အင်ကြင်းကုန်းကွင်း ၃၂ ဧက၊ ရွာသစ်ကုန်းကွင်း ၃၅ ဧက၊ ဘီလူး ကွင်းဧက ၂ဝ
နှင့် ပင်းဟဲကွင်းအပါအဝင် စုစုပေါင်း ဧက ၁၅ဝ ခန့်မြောင်းရေလျှံပြီး
စပါးပင်များ ကွက်ကျားရေမြုပ်ခြင်း ကြုံတွေ့ခဲ့ရသည်။
မိုးဆက်လက်ရွာသွန်းခြင်းမရှိလျှင် ရေမြုပ်စပါးပင်များ အပျက်အစီးနည်းပါးမည်ဖြစ်ကြောင်း မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောသည်။ ကွက်ကျား ရေမြုပ်နေသော စပါးများကို မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မိုးညှင်းမြို့နယ်သို့ ဆက်သွယ်အသုံးပြုနေသော ကျောက်ပုထိုး 66KV
ဓာတ်အားလိုင်းအနက် ပင်လုံကျေးရွာ အနီးစိုက်ထူထားသည့် 66KVဓာတ်အားတိုင်
ခုနစ်တိုင်ကျော်မှာ တောင်ကျရေချောင်းရေလျှံတက်ပြီး ရေတိုက်စား၍လဲကျသွားခြင်းကြောင့် မိုးညှင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်။ ပြင်ဆင်ရေးအဖွဲ့များ ရောက်ရှိသော်လည်း ရေအခြေအနေကြည့်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် လျှပ်စစ်မီးအမြန်လင်းနိုင်ရေးအတွက် ချီဗွေဓာတ်အားလိုင်းမှ ချိတ်ဆက်ဆောင်ရွက်စီစဉ်နေကြောင်း၊ မကြာမီအတွင်းမီးလင်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်အင်ဂျင်နီယာဦးလှကျော်ထံမှသိရသည်။ မိုးအားကောင်းပြီး တောင်ကျချောင်းရေပြင်းထန်ခြင်းကြောင့်
မိုးညှင်းမြို့နယ် မြိုင်သာယာကျေးရွာနှင့် အင်းတော်မြို့နယ်
ပေကုန်းကျေးရွာ အသွားအလာဆက်သွယ်ထားသော ကျေးရွာချင်းဆက်တံတားမှာ
ရေတိုက်စားပျက်စီးသွားကြောင်း သိရသည်။
Credit to >>> Myawaddy
0 comments:
Post a Comment