နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာမည်ဟုပြော ကြားနေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အား လုံးပါဝင်လက်မှတ်ထိုးရန် အစိုး ရက အကြောင်းအမျိုးမျိုးပြ ငြင်း ပယ်နေကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ(UNFC) က ဇူလိုင် ၂၇ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇူ လိုင် ၂၆ ရက်မှစ၍ နှစ်ရက်ကြာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် UNFC က (၈)ကြိမ်မြောက် တစ် နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍သဘော ထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
UNFC က ပြည်တွင်းငြိမ်း ချမ်းရေးဖြစ်စဉ်တွင် အထောက် အကူပြုပေးကြမည့် နိုင်ငံတကာမှ အသိသက်သေများ ပါဝင်လက် မှတ်ရေးထိုးရေးကို အစိုးရကကန့် သတ်နေကြောင်း ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြား တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာ ချုပ်(NCA)မူကြမ်းကို ဆွေးနွေး နေရာ အဓိကအချက် သုံးချက် ကျန်ရှိနေသည်။ ယင်းအချက်များ မှာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်မည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အရေအတွက်၊ နိုင်ငံတကာအသိသက်သေများနှင့် ပါဝင်လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များ စသည်တို့ဖြစ်သည်။
NCA လက်မှတ်ရေးထိုးရာ တွင် တိုင်းရင်းသားများ ဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က လက်နက်ကိုင်အဖွဲ့ ဝင် အားလုံးပါဝင်ရေး တောင်းဆို ထားသည်။ အစိုးရဘက်ကမူ NCCT အဖွဲ့ဝင်များဖြစ်သည့် တအာင်န်း (PSLF / TNLA)၊ ရက္ခိုင့်တပ်မတော်(AA)၊ ကိုးကန့် တိမ်းရှောင်အဖွဲ့(MNDAA)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ လားဟူ(LDU)နှင့် ရခိုင်အမျိုးသား ကောင်စီ(ANC)တို့ကို အသိအ မှတ် ပြုမထားပေ။
အစိုးရဘက်က အပစ်ရပ်စဲ ရေးလက်မှတ်ထိုးထားသောအဖွဲ့ ၁၄ ဖွဲ့၊ ကေအိုင်အို(၁၄+၁)တို့ နှင့် ပထမဦးစွာ လက်မှတ်ရေးထိုး ပြီး ဆက်လက်ညှိနှိုင်းအဖြေရှာ မည့်မူ စွဲကိုင်ထားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အ ခြေစိုက်သော UNFC ကို ၂၀၁၁ ဖေဖော်ဝါရီက ဖွဲ့စည်းခဲ့သည်။အဖွဲ့ဝင်(၁၆)ဖွဲ့ပါဝင်သော UNFC လက်ရှိ ဥက္ကဋ္ဌမှာ ကေအိုင်အိုမှ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်သည်။
Credit To >>> 7Day News
Tuesday, July 28, 2015
အပစ်ရပ်လက်မှတ်ထိုးရာတွင် လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရန် အစိုးရက ငြင်းဆန်နေဟု UNFC ထုတ်ပြန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment