Monday, July 27, 2015

"မြောက်ဥက္ကလာပတွင် လေပြင်းတိုက်၍ ကျောင်းနှင့် အိမ်များပျက်စီး"

မြောက်ဥက္ကလာပမြို့နယ်ရှိ နွယ်သာကီ၊ စက္ကိတ်၊ ဘုမ္မာ၊ သုနန္ဒာလမ်းများတွင် ယနေ့ နံနက် ၁ နာရီခန့်က လေပြင်းတိုက်ခတ်သွား၍ အခြေခံပညာမူလတန်းကျောင်း သုံးကျောင်းနှင့် အိမ်ခြေများစွာ သွပ်အမိုးများလန်ကာ ပျက်စီးခဲ့သည်။
အ.မ.က (၁၅)၊ အ.မ.က. (၁၆) နှင့် အ.မ.က (၂၆) စာသင်ကျောင်း သုံးကျောင်းအပါအ၀င် အိမ်ခြေအလုံး ၉၀ ခန့် အမိုးလန်သွားပြီး သမ၀ါယမဆိုင်ခန်းတစ်ခန်း ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
Credit to >>> 7Day Daily

0 comments:

Post a Comment