ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်၂၄ခု တွင်မဲစာရင်း
မှားယွင်းမှုများအတွက် ပြင်ဆင်ရန် လျှောက်ထားခဲ့သူ ၉၇၀၀၀ ကျော်ရှိကြောင်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောကြားသည်။
ဇူလိုင်၂၀ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား
ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ဦးဝင်းကြည်က
အခြေခံမဲစာရင်း ကြောငြာသည့် လုပ်ငန်းစဉ်များမှ ရရှိသည့် သင်ခန်းစာများနှင့်
ပြည်လုံးကျွတ် မဲစာရင်း ကြေညာမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍
ရှင်းလင်းရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ဦးဝင်းကြည်က “ပထမဆုံး အားလုံးသိပြီးတဲ့အတိုင်း ပထမဆုံး အဆင့်အနေနဲ့
ကျွန်တော်တို့ တစ်နိုင်ငံလုံး အခြေခံမဲဆန္ဒရှင် စာရင်းတွေကို
လေးခါခွဲပြီးတော့ ကြေညာခဲ့ပါတယ်။ ပထမအဆင့် အနေနဲ့က ရန်ကုန်တိုင်း ဒေသကြီးက
၁၀ မြို့နယ်မှာ ကြေညာခဲ့ပါတယ်။ အဲဒီမှာ မဲဆန္ဒရှင်ပေါင်းက ၂၄၇၇၆၆
ဦးရှိပြီးတော့ လာပြီးတော့ ကြည့်တဲ့လူပေါင်းကတော့ သိပ်ပြီးတော့
မစဉ်းစားပါဘူး။ လျှောက်လွှာတင်တဲ့ အခါမှာ ပုံစံ (၃) နဲ့ ကျန်ခဲ့လို့
လျှောက်တဲ့သူက ၄၅၀၈ ယောက်၊ ပုံစံ ၄(ဂ) နဲ့ ပြင်ဆင်ဖို့လျှောက်ထားတဲ့သူက၂၉၄၄
ဦး၊ ကွယ်လွန်တဲ့သူ၊ ထောင်ကျတဲ့သူစသည်ဖြင့် မပါသင့်တဲ့သူတွေပါလို့
ကန့်ကွက်တာက ၁၂၇၆ ဦး အားလုံးပေါင်း ၈၇၂၈ ဦးပဲရှိပါ တယ်။
ရာခိုင်နှုန်းအနေနဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။ နောက်တစ်ခါ
ရန်ကုန်တိုင်းမှာပဲ ဒုတိယအကြိမ် ၁၄ မြို့နယ်ကြေညာတဲ့အခါ မှာ
မဲဆန္ဒရှင်ပေါင်းက ၁၈၂၆၁၀၂ရှိပါတယ်။ ပုံစံသုံးခုနဲ့
အားလုံးလျှောက်တာပေါင်းတာ က ၈၉၁၂၅ ဦးရှိတဲ့အတွက် အဲဒီမှာလူတွေ
နည်းနည်းပိုသိလာတဲ့အတွက် ရာခိုင်နှုန်း တက်လာပါတယ်။ ၄ ဒသမ ၉
ရာခိုင်နှုန်းရှိပါ တယ်။ အခုနောက်ဆုံးအကြိမ်အရတော့ ရန်ကုန် တိုင်းမှာ ၂၁
မြို့နယ် စတုတ္ထအကြိမ်ကြေညာ ပါတယ်။ ဒါကတော့ Extension ပေးထားတာက
ဇူလိုင်လကုန် ဖြစ်တဲ့အတွက် အခုလက်ရှိ နောက်ဆုံးစာရင်းကတော့ မရသေးပါဘူး” ဟု
ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် တစ်နိုင်ငံလုံး၌
မဲဆန္ဒရှင်စာရင်းများ မှားယွင်းပါက ပြင်ဆင်နိုင်သည့် ရက်အား
ဇူလိုင်လကုန်အထိ တိုးမြှင့်သတ်မှတ် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိ မဲစာရင်း ကြေညာပြီးဖြစ်တဲ့ ကျန်၂၁ မြို့နယ်မှာလည်း
လျှောက်ထားခွင့် ပြုထားဆဲပဲပေါ့။ Extension နောက်ဆုံးရက် က
ဇူလိုင်လကုန်ဆိုတော့ ကျွန်တော့်ဆီတော့ အကုန်မတက်လာသေးပါဘူး” ဟု ရန်ကုန်
တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
စတုတ္ထအကြိမ်မြောက် မဲစာရင်းကပ်ထား ကြေညာမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးမှ
မြို့နယ် ၂၁ အပါအ၀င် ကချင်၊ ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့မှ
မြို့နယ် ၁၃၈ မြို့နယ်၌ မဲဆန္ဒရှင် စာရင်းများကို ဇွန် ၂၂ ရက်မှ ဇူလိုင် ၅
ရက်အထိ ကပ်ထားကြေညာ ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတုတ္ထအကြိမ်မြောက်
မဲစာရင်းကြေညာခဲ့မှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ တောင်ဥက္ကလာပ၊ ဗဟန်း၊ လှိုင်၊
ရန်ကင်း၊ ကြည့်မြင်တိုင်၊ ဒလ၊ အလုံ၊ တာမွေ၊ မရမ်းကုန်း၊ သာကေတ၊
ကိုကိုးကျွန်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ပန်းပဲတန်း၊ စမ်းချောင်း၊
မင်္ဂလာတောင်ညွန့်၊ တိုက်ကြီး၊ မှော်ဘီ၊ ကော့မှူးနှင့် လှည်းကူးမြို့နယ်တို့
ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ပထမအကြိမ် မဲစာရင်းကြေညာမှုတွင်
ရန်ကုန်တိုင်းဒေသကြီးမှ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊
ဆိပ်ကြီးခနောင်တို၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်နှင့်
ကမာရွတ်မြို့နယ်တို့ ပါဝင်ခဲ့သည်။
ထို့နောက် တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ဒုတိယအကြိမ်မြောက်
မဲစာရင်းကြေ ညာမှုတွင် ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့ နယ်ပါဝင်ခဲ့ပြီး
ဒဂုံတောင်ပိုင်းမြို့နယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊
ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊
သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊
အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊
လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်တို့ ပါဝင်ခဲ့သည်။
ပြည်သူများအနေဖြင့် အခြေခံမဲစာရင်း ကြေညာရာတွင်
မဲစာရင်းကြည့်ရှုစစ်ဆေးရန် လိုအပ်ပြီးမဲစာရင်း၌ မိမိအမည်မပါဝင် ပါကပုံစံ (၃)
ဖြင့်လျှောက်ထားရမည်ဖြစ်ပြီး အချက်များမှားယွင်းနေပါက ပုံစံ (၄) (ဂ)
ဖြင့်လျှောက်ထားရမည်ဖြစ်ကာ ထောင်ကျနေသူများ၊ ကွယ်လွန်ပြီးသူများ ပါဝင်နေပါ က
ပုံစံ (၄) ဖြင့်ကန့်ကွက် လျှောက်ထားနိုင်ကြောင်း သိရသည်။
သို့ရာတွင် အခြား မြို့နယ်တစ်ခု၌ ခေတ္တလာရောက် နေထိုင်သူများ၏
အမည်များသည် မိမိတို့ အမြဲတမ်းနေထိုင်သည့် အိမ်ထောင်စုစာရင်း လ၀ကပုံစံ
(၆၆/၆) (အရပ်အခေါ် သန်းခေါင်စာရင်း) ရှိသော မြို့နယ်မှ မဲစာရင်းတွင်သာ
ပါဝင်မည်ဖြစ်သည်။
Credit to >>> Eleven Media Group
Tuesday, July 21, 2015
ရန်ကုန်တိုင်းရှိ မြို့နယ်၂၄ ခုတွင် မဲစာရင်း မှားယွင်းမှုအတွက် ပြင်ဆင်ရန် လျှောက်ထားခဲ့သူ ၉၇၀၀၀ ကျော်ရှိပြီး ကျန်၂၁ မြို့နယ်တွင်လည်း လျှောက်ထားမှုများ ရှိနေဆဲဖြစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment