Tuesday, July 21, 2015

ထိုင်းနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရမည့် မိန်းမလျာ အလှမယ်ရွေးချယ်ပွဲ မန္တလေးတွင် ပြုလုပ်မည်

ထိုင်းနိုင်ငံ ပတ္တရားမြို့ တွင် မိန်းမလျာများသာယှဉ်ပြိုင် သည့် Miss International Queen 2015 ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု မိန်းမလျာအလှမယ် ရွေးချယ်ပွဲကို မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါမိန်းမလျာအလှမယ် ရွေးချယ်ပွဲကို ဇူလိုင် ၂၉ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆုရရှိ သူအား ‘‘သီရိစန္ဒာအဌ၀တီအလှ မယ်ဆု’’ ပေးအပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ အလှဖန်တီးရှင် ဘိုဘို နီ(မိုးကုတ်) ကပြောသည်။
‘‘ပြိုင်ပွဲလုပ်ရတဲ့ရည်ရွယ် ချက်က မြန်မာနိုင်ငံကဂေးတွေက မျက်နှာငယ်နေရတယ်။ ဂေးတွေ ထဲမှာ တကယ်ဉာဏ်ရည်ထက် မြက်ဖွံ့ဖြိုးတာတွေရှိပါတယ်။ သူ တို့လေးတွေက ပတ်ဝန်းကျင်အ နေအထားတွေကြောင့် ပြောင်းလဲ သွားရတာပါ။ လူတွေအလယ်မှာ ဘယ်လို နေရထိုင်ရတယ်ဆိုတာ မျိုး ပြချင်တယ်။ မြန်မာဂေးတွေ ရဲ့ဘ၀ကိုမြှင့်တင်ချင်တယ်။ပြည် တွင်း အတိုင်းအတာလေးတစ်ခု တည်းမဟုတ်ဘဲနဲ့ နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်နိုင်တာမျိုး ကို ပြချင်တဲ့သဘောပါ’’ဟုဘိုဘိုနီ (မိုးကုတ်)ကပြောသည်။
အဆိုပါပြိုင်ပွဲကို Miss Golden Myanmar Organization နှင့် မန္တလေးမြို့ရှိ ဒီဇိုင်နာ၊ မိတ် ကပ်နှင့် ပန်းအလှပညာရှင်များပူး ပေါင်း လုပ်ဆောင်မည်ဖြစ်သည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် တစ်နိုင်ငံလုံး လျှောက်ထားသူ ဂေးအလှယ်မယ် ပေါင်း ၁၅၀ ဦးရှိနေပြီး ဆန်ခါတင် ၂၅ ဦး ရွေးချယ်မည်ဖြစ်သည်။
သီရိစန္ဒာအဌ၀တီအလှမယ် ဆုရရှိသူသည် ဆုကြေးငွေကျပ် ငါးသိန်းနှင့် ထိုင်းနိုင်ငံတွင်ပြုလုပ် မည့် Miss International Queen 2015 ပြိုင်ပွဲသို့ မြန်မာကိုယ်စား ပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး 1 st Runner up၊ 2 nd runner up နှင့်အခြားခေါင်း စဉ်ဆု ခြောက်ဆုတို့ကို ချီးမြှင့်မည်ဖြစ်သည်။
ထိုင်းနိုင်ငံ ပတ္တရားကမ်း ခြေတွင် နှစ်စဉ်ကျင်းပမည့် အဆို ပါပြိုင်ပွဲကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ခန့်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ပြီး နိုင်ငံပေါင်း ၄၀ ခန့်က မိန်းမ လျာအလှမယ်များ လာရောက် ယှဉ်ပြိုင်လေ့ရှိသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ က ၂၀၁၄ တွင် သွားရောက်ယှဉ် ပြိုင်ခဲ့ပြီး ချစ်လမင်းငယ်(ခ)မျိုးကို ကိုစန်းက Talent Competition 1 st runner up ဆုရရှိခဲ့သည်။
Credit to >>>7 Day Daily

0 comments:

Post a Comment