Monday, July 27, 2015

အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင်အဝေးပြေးလမ်းမကြီးအတွက် သဘောတူညီချက် နိုဝင်ဘာမှာ လက်မှတ်ထိုးမယ်


အိန္ဒိယနိုင်ငံ မိုးရေးမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ထိ ဆက်သွယ်မယ့် ကီလိုမီတာ ၃,၂၀၀ ရှည်တဲ့လမ်းဆိုင်ရာ မဟာဗျူဟာမြောက်သဘောတူညီ ချက်ဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အိန္ဒိယက လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေပါတယ်။

ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အားပေးမယ့် ဒီလမ်းကို နိုဝင်ဘာ လနှောင်းပိုင်းမှာ အကောင်အထည် ဖော်ရေးအတွက် အိန္ဒိယအစိုးရက လက်မှတ်ထိုးမှာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဒီအဝေးပြေးလမ်းမကြီးက အိန္ဒိယနဲ့
မြန်မာကို ဆက်သွယ်ပေးမှာဖြစ်ပြီး အရှေ့တောင်အာရှကို တိုးချဲ့ဆက် သွယ်ပေးသွားမှာပါ။ ဒီလမ်းအကောင်အထည်ဖော်ဖို့က ၀န်ကြီးချုပ် မိုဒီရဲ့ ဦးစားပေးအစီအစဉ်တစ်ခုဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ယောက်က “လုပ်ငန်းစဉ်အရ သဘောတူညီမှုရပြီး ပါပြီ။ ထုံးစံအရ အခက်အခဲတချို့ ရှိပေမယ့် စက်တင်ဘာမှာ အစည်းဝေးကျင်းပပြီး ဖြေရှင်းသွားမှာပါ။ မြန်မာ
နိုင်ငံကလည်း ပါလီမန်သဘောတူညီမှုရဖို့ လေးလလောက်လိုအပ်ပါတယ်။ သဘောတူညီချက်ကို နိုဝင်ဘာ လောက်လက်မှတ်ထိုးဖြစ်မှာပါ”လို့ ဆိုပါတယ်။
တောင်အာရှနဲ့ အရှေ့တောင်အာရှကို ဆက်သွယ်ကာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေး မယ့် ဒီအခြေခံအဆောက်အဦ တည်ဆောက်ရေးကို မိုဒီက စိတ်အားထက်သန်နေပါတယ်။
မဲခေါင်ဒေသနဲ့ အိန္ဒိယကို ဆက်သွယ်ပေးမယ့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဒီအဝေးပြေးလမ်းမကြီးကြောင့် အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း
ဒေသကြီးအတွက် အကျိုးအမြတ်ကြီးမားစွာရနိုင်တယ်လို့ အကြီးတန်းအရာရှိ တစ်ယောက်က ဆိုပါတယ်။
ဒါဟာ “အရှေ့မျှော်ဝါဒ” ကို အရှိန်မြှင့်ပေးမယ့် အိန္ဒိယအစိုးရရဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ဒီဝါဒကို “အရှေ့ပိုင်းလုပ်ဆောင်ချက်မူဝါဒ” လို့ ခေါ်ဆို
နေပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဒီအဝေးပြေးလမ်းမကြီးက ထွန်းသစ်စ စီးပွားရေးတွေဖြစ်တဲ့ အာဆီယံနဲ့ ဆာရက်ဒေသတွေကို တံတားထိုးပေးနိုင် မယ်လို့ မျှော်လင့်ထားပါတယ်။

Credit To >>> SFJ News 

0 comments:

Post a Comment