
ဧရာဝတီတိုင်းဒေသကြီး
ဟင်္သာတခရိုင် ဇလွန်ရေကာတာ မကျိုးပေါက်စေရေးအတွက် ယင်းနေရာ၏ တစ်ဖက်ကမ်းရှိ
ပေါ်ထွန်းနေသည့် သဲသောင်ခုံအစွယ်ကို ဇူလိုင်လ ပထမပတ်မှတ်စ၍
အရေးပေါ်သောင်တူးခြင်း လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင
၁၉၉၄ ခုနှစ်က တည်ဆောက်ခဲ့သည့် ရေကာတာအဟောင်း သုံးပုံတစ်ပုံခန့်
ပြိုကျခဲ့ခြင်းကြောင့် လက်ရှိရေကာတာ ၁၇ မိုင် ၄ ဖာလုံနှင့် ၁၈ မိုင် ၆
ဖာလုံအတွင်း မြစ်ရေတိုက်စားကာ ကမ်းပါးများ ပြိုကျခဲ့ပြီး ရေကာတာ ထိခိုက်မှု
ရပ်တန့်စေရန် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံတော်သမ္မတထံ အရေးပေါ်တင်ပြခဲ့ပြီး မြစ်ရေတိုက်စားခံနေရသည့်
ဝါသလရွာအနီး ဇလွန်ရေကာတာရှေ့ရှိ သောင်ခုံကို ပထမအဆင့် သောင်တူးခဲ့ပြီး
ဒုတိယအဆင့် အနေနှင့် ဖြတ်မြောင်းများ တူးဖော်မည်ဖြစ်ကြောင်း၊
ဖြတ်မြောင်းတူးပြီးပါက ဇလွန်နှင့် ဟင်္သာတမြို့ အပါအဝင် ဧရာဝတီတိုင်းအတွက်
အကောင်းဆုံး ကာကွယ်မှုတစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း ဟင်္သာတမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဆိုသည်။
မြစ်ရေစီးကြောင်း ပြောင်းလဲနိုင်ရေးအတွက် သုံးပုံတစ်ပုံခန့် ပဲ့ကျနေသည့်
ဝါသလရွာအနီး ရေကာတာအရှေ့ သောင်ခုံအစွယ်ကို တစ်နာရီမောင်းပါက စက်သုံးဆီ
ဂါလန် ၅၀ ကျော်ကုန်သည့် သောင်တူးစက်ကြီးများဖြင့် သြဂုတ်လ ပထမပတ်အတွင်း
စတင်လုပ်ကိုင်ရန် စီစဉ်လျက်ရှိပြီး ယင်းသောင်စွယ်တူးခြင်း အတွက် ကျပ် ၈၉
သန်းကျော် ကုန်ကျစရိတ်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရေလမ်းထိန်းသိမ်းရေး ဌာနမှူး
ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။
သောင်တူးခြင်းလုပ်ငန်း အပြင် ဖြတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းကို
ဆက်လက်လုပ်ကိုင်နိုင်ရေး အတွက် တိုင်းတာတွက်ချက်မှုများ ပြုလုပ်ပြီးဖြစ်ရာ
သောင်ခုံ၌ လျာထားချက် နှစ်နေရာ ရှိကြောင်း၊ လျာထားချက် အမှတ် ၁
ဖြတ်မြောင်းမှာ အရှည်ငါးမိုင်ရှိပြီး လျာထားချက် အမှတ် ၂ ဖြတ်မြောင်းမှာ
သုံးမိုင်ကျော် အရှည်ရှိကြောင်း ၎င်းက ဆိုသည်။
တာမိုင်အမှတ် ၁၇ မိုင်
၆ ဖာလုံနှင့် ၁၈ မိုင် ၃ ဖာလုံးအကြားတွင် ငါးဖာလုံခန့်
ရေတိုက်စားခံရခြင်းကြောင့် မေလနှင့် ဇူလိုင်လများက ကမ်းပါးထိန်း
လုပ်ငန်းများ အစွမ်းကုန် လုပ်ကိုင်ခဲ့ပြီး တာမိုင် အမှတ် ၁၈ မိုင်နေရာမှာ
ဇူလိုင်လမှ စတင်ပြိုကျခဲ့ကြောင်း၊ လက်ရှိ အခြေအနေအထိ ရေကာတန်း ၁၁ ခု
(ပေပေါင်း လေးထောင်ကျော်) ဖြင့် ကာရံခဲ့ပြီး ဝါသလ ရေကာတာအောက်တွင်
သဲကြောရှိကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးဝေလွင်က ပြောကြားသည်။
ဒေသခံများ စိုးရိမ်ပူပန်နေသည့်
ပန်းတာအသစ်နှင့် ပန်းတာအဟောင်းဆုံရာ အနီးတွင် ကမ်းပါးအကျယ် ပေ ၂၂၀
ကျန်ရှိနေပြီး ရေကာတန်းအပြင် ရေအောက်ပိုင်းကို ဦးစားပေး
ကာကွယ်နေခြင်းကြောင့် ဒေသခံများ စိတ်ပူရန် မလိုကြောင်း၊ လက်ရှိ ကာကွယ်နေသော
ရေကာတာ အဟောင်းမှာ ၁၉၉၄ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်က
ဇလွန်မြို့၏ စိုးရိမ်ရေမှတ်အထက် လေးပေကျော်ဖူးခဲ့ရာ ထိခိုက်ပြိုကျ
ကျိုးပေါက်မှု မရှိခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
ဇူလိုင်လ ၁၄
ရက်မှစ၍ ဇလွန်ရေကာတာ၌ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်လူအေး အပါအဝင် တပ်မတော်က ကူညီဆောင်ရွက်ပေးလျက် ရှိပြီး ဇူလိုင်လ
၂၆ ရက်အထိ ခလရ ၂၇ တပ်ရင်း၊ ခလရ ၁၈ တပ်ရင်း၊ ခလရ ၅၁ တပ်ရင်း၊ တပ်မတော်
တန်းမြင့်လေ့ကျင့်ရေးကျောင်
ရေကာတာ ပြိုကျပါက ဇလွန်မြို့နယ်ရှိ ကျေးရွာအုပ်စု
ကိုးခု၊ ရွာ ၂၅ ရွာ၊ လယ်မြေဧက ၁၁၅၀၀၊ လူဦးရေ ၁၈၄၀၀ ထိခိုက်နိုင်ကြောင်း
ဇလွန်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးလှမင်းသူက ပြောဆိုသည်။
ရေကာတာနောက်ရှိ ဒူးယားမြို့ အပါအဝင် ကျေးရွာအုပ်စု ၈ ခု၊ ရွာခွဲ ၁၀၀ ကျော်
ထိခိုက်နိုင်ကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံး
ဒုတိယမြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ဦးက ဆိုသည်။
ဝါသလ
ဘုန်းတော်ကြီးကျောင်းမှ မေဒုံရွာတာဆုံအထိ ရေကာတာအောက်တွင် သဲကြောများ
ရှိခြင်းကြောင့် ဖြတ်မြောင်းအမြန်ဖောက်မှသာ စိတ်ချရနိုင်ကြောင်း အသက် ၆၀
နှစ်ကျော်ရှိ ဝါသလရွာသား ဦးစိုးတင့်က မှတ်ချက်ပြုသည်။
Credit to >>> The Voice
Monday, July 27, 2015
ဇလွန်ရေကာတာ မကျိုးပေါက်ရေး သြဂုတ်လ ပထမပတ်အတွင်း အရေးပေါ် သောင်တူးမည်ဟု ဦးဌေးဦးဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment