
ရခိုင်ပြည်နယ် မောင်တောမြို့တွင် RSO အဖွဲ့က ဌာနဆိုင်ရာများရုံးများကို
ဗုံးခွဲတိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေသည့်အတွက် မြန်မာ-ဘင်္ဂလားဒေရှ့်
နယ်စပ်တလျောက်ရှိ နယ်ခြားမျဉ်းများတွင် နယ်ခြားစောင့် ရဲတပ်ရင်း ၄ ရင်းကို
တပ်ဖြန့်ထားပြီး၊ ဌာနဆိုင်ရာ ၀န်ထမ်းများကို လုံခြုံရေး သတိရှိရန်
သတိပေးထားကြောင်း မြို့နယ်အတွင်းရှိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး
ဘိုဘိုဦးက ဧရာဝတီကို ပြောသည်။ “သူတို့ကတော့
သတင်းမျိုးစုံ လွှင့်နေတယ်။
ဒို့အထဲကို ဖောက်ခွဲမယ်။ ဘာလုပ်မယ်၊ ညာလုပ်မယ်
ဆိုပြီးတော့ သတင်းတွေ လွင့်နေသော်လည်း ယနေ့အချိန်ထိ မအောင်မြင်ဘူး။
ဒို့ဘက်ကပဲ လက်ဦးမှုရယူတယ်။ ခြေကျင်နဲ့ ဒို့ဘက်ကို ၀င်မလား။ လှေနဲ့ ၀င်မလား
အကုန်လုံးတော့ မိတာများပါတယ်။ ဒီဖောက်ခွဲမယ်ဆိုတဲ့ သတင်းတွေ က ရှိနေတာပဲ။
ဒါပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ လုံခြုံရေးအင်အားတွေ တပ်ဖြန့်ထားတဲ့
ပုံစံနဲ့ဆိုရင်ပေါ့ ” ဟုဆို သည်။ြ မန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်တလျောက်ရှိ
နယ်စပ်မျဉ်းတွင် အင်အား ၆၀၀ပါ တပ်ရင်း ၄ ရင်းဖြန့်ချထား ကြောင်းသိရသည်။
Credit to >>>ဧရာဝတီ
Monday, July 20, 2015
မောင်တောနယ်စပ်၌ ဗုံးခွဲတိုက်ခိုက်မည့်ဆို၍ ရဲတပ်ရင်း ၄ ရင်း ဖြန့်ချထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment