လာမည့်ရွေးကောက် ပွဲအတွက် ဒေါက်တာနေဇင်လတ် ဦးဆောင် သည့် အမျိုးသားတိုးတက်ရေးပါတီ၏ အ မတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒုဝန်ကြီးတချို့ ၏ ကမ်းလှမ်းချက်အား လက်မခံဘဲ ပယ်ချ ခဲ့ကြောင်း သိရသည်။
ပါတီဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေးဖြစ်ခဲ့ဖူးသူ ဒေါက်တာနေဇင်လတ်က ''ကိုယ်စားလှယ် လောင်း ရွေးချယ်တာ ကိုယ်တို့လူတွေကိုပဲ ရွေးချယ်ပြီးသွားပြီ။ အဲဒီဝန်ကြီး၊ ဒုဝန်ကြီး တွေကိုလဲ လက်ခံလို့ မရတော့ဘူး။ တခြား လူကြီးတွေ လာလျှောက်လဲ မရတော့ဘူး။ ကိုယ်တို့ဝင်ပြိုင်မယ့်နေရာနဲ့ ကိုယ်စားလှယ် လောင်းနဲ့က ဗခခနစအ ဖြစ်ပြီးသွားပြီ''ဟု ပြောသည်။
လက်ရှိအချိန်တွင် ပါတီ၏ အ မတ်လောင်းများအဖြစ် ဒေသခံများက ယုံ ကြည်အားထားသူများကို ပါတီကိုယ်စား လှယ်လောင်းများအဖြစ် ရွေးချယ်ပြီးဖြစ်ကာ လာမည့်ရွေးကောက်ပွဲအတွက် အမတ်လောင်း ၂ဝဝ ကျော်အထိ ဝင်ရောက်ယှဉ်ပြိုင် သွား မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ပါတီကနေ လာ ရောက်အရွေးခံ ယှဉ်ပြိုင်ချင်တယ်ဆိုရင် သက်ဆိုင်ရာပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပဲ ပါတီက စဉ်းစားတယ်''ဟု အမျိုး သားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ပြောသည်။
သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသော ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့သည် အမျိုးသားတိုးတက်ရေးပါတီမှ လာ မည့်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံ မည်ဟု သတင်းများ ထွက်နေသော်လည်း ¤င်းတို့ကမူ မဟုတ်ကြောင်း ပြန်လည်ငြင်း ဆိုထားကြသည်။
ဇူလိုင် ၉ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ကို ရရှိခဲ့သည့် ဒေါက်တာနေဇင်လတ်၏ ပါတီ သည် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပြု လုပ်ရန်ရှိသည့် ရွေးကောက်ပွဲတွင် တိုင်းဒေ သကြီးနှင့် ပြည်နယ် ၁၁ ခုမှ မဲဆန္ဒနယ်များ တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော် နေရာများအတွက် အဓိကထားပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိ ရသည်။
Credit To >>> Yangon Media Group
Monday, July 27, 2015
လာမည့်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိအစိုးရအဖွဲ့ဝန်ကြီးနှင့်ဒုဝန်ကြီးတချို့၏ ကမ်းလှမ်းချက်များအား ပယ်ချခဲ့ဟုဒေါက်တာနေဇင်လတ်ဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment