၁။၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနဲ့
တစ်သီးပုဂ္ဂလများမှ လွတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့
အမည်စာရင်းတင်သွင်းလျက်ရှိရာ ဇူလိုင်လ(၂၆)ရက်နေ့အထိ စုစုပေါင်း (၄၆)ဦး
အမည်စာရင်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
အမည်စာရင်းအသေးစိတ်ကို ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် webside.uemyanmar.org မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
၂။အနည်းဆုံးလုပ်ခကြေးငွေကျပ်(၃၆၀၀)ကို
ကန့်ကွက်ပြီးကျပ်(၄၀၀၀)ကျပ်တောင်းဆိုတဲ့ စက်ရုံတွေက အလုပ်သမား
အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေရဲ့တွေ့ဆုံဆွေးနွေးမှုအရ အများစုက
အနည်းဆုံး အခကြေးငွေကျပ်(၃၆၀၀)ကို အလုပ်ရှင်အလုပ်သမားနှစ်ဦးနှစ်ဖက်
ရေရှည်အကျိုးကြည့်ပြီးလက်ခံခဲ့တယ်လို့ သိရပါတယ်။
၃။ရေလွှမ်းမိုးရေတိုက်စားမှုကြောင့် လားရှိုး-မန္တလေးရထားလမ်းပိုင်း
သီပေါ-တာပုလဲအကြား အမှတ်(၃၉၁)ဟာ အနည်းငယ် တိမ်းစောင်းသွားတဲ့အတွက်
ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နေတာကြောင့် သီပေါ-တာပုလဲ ရထား
လမ်းပိုင်းကို ဇူလိုင်လ (၂၆)ရက်နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ
(၁၀)ရက်ခန့်ပိတ်ထားမှာဖြစ်ပြီး မန္တလေး-သီပေါ ရထားခရီးစဉ်ကိုတော့ ဆက်လက်
ပြေးဆွဲလျက်ရှိတယ်လို့သိရပါတယ်။
နိုင်ငံတကာသတင်း
--------------------
ရုရှားသမ္မတဗလာဒီမာပူတင်ဟာခြိုးခြံချွေတာရေးအစီအစဉ်အရ
ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိ တစ်သိန်းတစ်သောင်းကို
အလုပ်မှထုတ်ပယ်လိုက်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အားကစားသတင်း
-------------------
မြန်မာ့ရိုးရာလက်ဝှေ့(၅)ချီ စိန်ခေါ်ပွဲအဖြစ် အမေရိကန်နိုင်ငံမှ
မွေထိုင်းချန်ပီယံ ဆိုင်းရပ်စ်(၀ါရှင်တန်)နဲ့ ဆီးဂိမ်း
ရွှေတံဆိပ်ဆုရှင်တူးတူးတို့မနေ့က သိမ်ဖြူလက်ဝှေ့ထိုးသတ်ကြရာ ပူးတွဲသရေနဲ့
ပွဲပြီးဆုံးခဲ့ပါတယ်။ မနက်(၈)နာရီ သတင်းအား အင်တာနက်လိုင်းမကောင်းပါသဖြင
အချိန်မီထုတ်လွှင့်နိုင်ခြင်းမရှိတဲ့အပေါ် နားလည် ခွင့်လွှတ် ပေးနိုင်ပါရန်
တောင်းပန်အပ်ပါတယ်ရှင်။
Credit to >>> MRTV
Monday, July 27, 2015
Mobile Radio အတွက် သတင်းများ (၂၇- ၇ - ၂၀၁)ရက်နေ့ (မွန်းလွဲ- ၁ နာရီ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment