Monday, July 20, 2015

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းသို့ စည်းရုံးရေးဆင်းမည်

(ဓာတ်ပုံ - Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်သို့ ယခုလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် စည်းရုံးရေးခရီး စဉ်အဖြစ် လာရောက်ကာ
ကျိုက်လတ်မြို့၌ ဇူလိုင်လ ၂၅ ရက်၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ဟောပြောပွဲပြုလုပ်မည်ဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့၌ ဇူလိုင်လ ၂၆ ရက်၊ နံနက် ၁၀ နာရီတွင် ဟောပြောမှုများပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောဆိုသည်။ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလအတွင်း ဧရာဝတီတိုင်းသို့ ပထမဆုံးလာရောက်သည့် စည်းရုံးရေးခရီးစဉ်တခု ဖြစ်သည်။
Credit to>>> Irrawaddy

0 comments:

Post a Comment