MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ယခု ၁၅ ကျပ်သို့ လျှော့ချလိုက်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန် ရှိသူက ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ ထိုသို့လျှော့ချလိုက်ခြင်းဖြစ်ပြီး ယင်းအပြင် ယခင် ကတ်ပျက်၊ ကတ်ပျောက် အတွက် ၂၀,၀၀၀ ကျပ် ပေးသွင်းရရာမှ ယခု ၁,၅၀၀ ကျပ် သာ ပေးသွင်းရန် လည်း လျှော့ချသတ်မှတ်လိုက်ကြောင်း သိရသည်။
“ငွေဖြည့်ကတ် ဖြည့်သွင်းရင် အပိုငွေရရှိမယ့် အစီအစဉ်ကိုလည်း ငွေဖြည့်ကတ် အမျိုးအစားအားလုံးမှာ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားပါတယ်” ဟု မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က မိမိငွေဖြည့်သွင်းသည့် ပမာဏ အပေါ်လိုက်၍ အပိုငွေရရှိမည့် အစီအစဉ်မှ ငွေဖြည့်ကတ် အမျိုးအစားအားလုံးအတွက် ၇၀ ရာခိုင်နှုန်း အပိုငွေရရှိမည့် အစီအစဉ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
Credit to>>>7 Day News
Tuesday, January 13, 2015
MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment