၂၀၁၄ တွင် ယာဉ်အို ယာဉ်ဟောင်းစနစ်ဖြင့် မော်တော် ယာဉ်အပ်နှံထားပြီး
စလစ်ရရှိထားသူများမှာ ကားတင်သွင်းရာ၌ ပါကင်နေရာ တင်ပြစရာမလို တော့ကြောင်း
စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။
ယာဉ်အိုယာဉ်ဟောင်းဆို သော်လည်း ၂၀၁၄ အတွင်း အပ်နှံထားသူများသာ ဇန်န၀ါရီ
၈ ရက်မှစ၍ ပါကင် ပြရန်မလိုဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၁၅ တွင်
ယာဉ်အိုယာဉ်ဟောင်းအပ် နှံသည့် စလစ်ကားများမှာ ပါကင်နေရာတင်ပြရန်
သတ်မှတ်ထားကြောင်း စီးပွားကူးသန်းမှ အကြံပေး ဒေါက်တာမောင်အောင်ကပြောသည်။
‘‘ယာဉ်အို ယာဉ်ဟောင်း စနစ်နဲ့ ၂၀၁၄ က အပ်တဲ့ ကား တွေဆို
ပါကင်ပြစရာမလိုဘဲ လိုင် စင်လျှောက်တဲ့အထိ ဆောင်ရွက် နိုင်မယ်လို့
စီးပွားကူးသန်းက သတ်မှတ်ပြီး လုပ်နေတာပါ’’ဟု ဒေါက်တာမောင်အောင်ကပြော သည်။
သို့သော်ရန်ကုန်တိုင်းဒေသ ကြီးအတွင်းသို့ ၂၀၁၅ တွင် အ
သစ်တင်သွင်းလာမည့် ကားများကို စည်ပင်ညအိပ်ခွန်မတောင်းတော့ဘဲ အဆိုပါကားများ
စည် ပင်နယ်နိမိတ်အတွင်း ညအိပ်ရပ် နားပါက ဖမ်းဆီးသွားမည်ဖြစ် ကြောင်း
ထုတ်ဖော်ပြောကြား ထားသည်။
၂၀၁၅ တွင် မော်တော်ယာဉ် တင်သွင်းလိုသူများမှာ ရပ်ကွက်
အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးဌာန နှင့်
မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့၏ ကားပါကင်ရှိ ကြောင်း ထောက်ခံချက်များ
ရရှိ ပြီး တိုင်းဒေသကြီးအဆင့် ထောက် ခံရရှိမှသာ ကားတင်သွင်းခွင့်ပါ
မစ်လျှောက်ထားနိုင်သည်။
Credit to>>>7 Days News
Friday, January 9, 2015
၂၀၁၄ က ယာဉ်အိုယာဉ်ဟောင်း စလစ်ရခဲ့သူများ ရပ်နားရာပြရန်မလိုဘဲ ကားသွင်းနိုင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment