Wednesday, January 7, 2015

ရေနည်းကာလ မရောက်မီ ဇန်န၀ါရီမှာပင် မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ ၁၂ ပေအောက်အထိ ကျဆင်း

 ယခုနှစ် ဧရာဝတီမြစ် ရေနည်းကာလတွင် မြစ်ရေလျော့ကျမှု စောကာ ကျဆင်းမှု မြန်ခြင်းကြောင့် ဇန်န၀ါရီလ အတွင်းမှာပင် မန္တလေးမြို့ ရေနည်းမှတ်မှာ ၃၇၀ ကျော် စင်တီမီတာ (၁၂ ပေ) အောက်အထိ ကျဆင်းလျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဧရာဝတီမြစ် မြစ်ရေတိုးချိန် (ရေများကာလ)အတွင်း၌ နှစ်စဉ် ရေများမှတ်အထိ ရောက်ရှိမြင့်တက်လေ့ ရှိသော်လည်း ပြီးခဲ့သည့် ရေများကာလ၌ စိုးရိမ်ရေမှတ်အထိ ရောက်ရှိခဲ့ခြင်း မရှိသောကြောင့် မြစ်ရေလျော့ကျမှု စောခြင်းဖြစ်နိုင်ကြောင်း သိရသည်။
ဧရာဝတီမြစ် မြစ်ရေတိုးချိန် (ရေများကာလ)အတွင်း၌ နှစ်စဉ် ရေများမှတ်အထိ ရောက်ရှိမြင့်တက်လေ့ ရှိသော်လည်း ပြီးခဲ့သည့် ရေများကာလ၌ စိုးရိမ်ရေမှတ်အထိ ရောက်ရှိခဲ့ခြင်း မရှိသောကြောင့် မြစ်ရေလျော့ကျမှု စောခြင်းဖြစ်နိုင်ကြောင်း သိရသည်။




“မြစ်ရေနှိုင်းယှဉ်ဇယားမှာ ဧရာဝတီမြစ်ရေက ရေများချိန်မှာဆိုရင် နှစ်စဉ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အထိ ရေများအမှတ်ကို ရောက်ရှိတယ်။ ဒီနှစ်မှာ ရေများအမှတ် ရောက်ရှိခဲ့ခြင်း မရှိတဲ့အတွက် မြစ်ရေအကျ စောတာလို့ သုံးသပ်နိုင်ပါတယ်။ အခု ဇန်န၀ါရီလထဲမှာကို ခါတိုင်းနှစ် မတ်၊ ဧပြီလောက်မှ ကြုံတွေ့ရတဲ့ ရေအမှတ်ကို ရောက်ရှိနေပါပြီ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ဧရာဝတီမြစ်ရေ အမှတ်မှာ ဇန်န၀ါရီ ၁ ရက်တွင် ၃၈၅ စင်တီမီတာမှ ဇန်န၀ါရီ ၅ ရက်တွင် ၃၇၈ စင်တီမီတာအထိ ကျဆင်းခဲ့ကြောင်း၊ မြစ်ရေ ဆက်လက်လျော့ကျနိုင်ခြင်း ရှိသော်လည်း ယခုနှစ်တွင် စံချိန်တင် ရေနည်းအမှတ်အထိ ကျဆင်းနိုင်ခြင်း ရှိ၊ မရှိကိုမူ မခန့်မှန်းနိုင်သေးကြောင်း သိရသည်။ ရေနည်းကာလတွင် ရေယာဉ်များ သတိပြု မောင်းနှင်နိုင်ရန် ရေလမ်းကြောင်း တစ်လျှောက်ဖြစ်သော ဟင်္သာတမှ ပြည် ရေလမ်း ငါးပေကျော်၊ ပြည်မှ မန္တလေး ရေလမ်း ငါးပေ၊ မန္တလေးမှ ကသာ ရေလမ်း လေးပေ၊ ကသာမှ ဗန်းမော် ရေလမ်း သုံးပေကိုးလက်မနှင့် ဆင်ဘိုမှ မြစ်ကြီးနား ရေလမ်း နှစ်ပေ ခြောက်လက်မဟူ၍ ရေလမ်းကြောင်းအလိုက် ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ထားပြီး ယင်းကန့်သတ်ချက်နှင့်အညီ မောင်းနှင်ပါက အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြစ်ရေလျော့ကျခြင်းကြောင့် မန္တလေးအထက်ပိုင်း ရေလမ်းဖြစ်သော မန္တလေး-ဗန်းမော်ရေလမ်းတွင် ရေလမ်းကြောင်းကျပ်ကာ ရေယာဉ်များ သောင်တင်ခြင်း၊ ပိတ်မိခြင်းများ စတင်ကြုံတွေ့နေရပြီဖြစ်ကာ ယင်းကဲ့သို့ ဖြစ်ပွားသည့် နေရာများတွင် ရေလမ်းကောင်းမွန်ရန် သောင်တူးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ၁၉၉၄ ခုနှစ်တွင် ၃၉၇ စင်တီမီတာ၊ ၂၀၀၄ ခုနှစ်တွင် ၃၆၈ စင်တီမီတာအထိနှင့် ၂၀၁၄ ခုနှစ် ဧပြီ ၃ ရက်တွင် ၃၄၅ စင်တီမီတာအထိ အနိမ့်ဆုံး ရေအမှတ်သို့ ရောက်ရှိကျဆင်းခဲ့ဖူးကြောင်း သိရသည်။
Credit to>>>Eleven

0 comments:

Post a Comment