Tuesday, November 11, 2014

ပြည်တွင်းရှိ စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ဂျပန်နှင့် ပူးပေါင်းပြီး အဆင့်မြှင့်မည်


ပြည်တွင်းရှိ စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ကို အဆင့်မြှင့်တင်နိုင်ရန် အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာပို့တိုက်လုပ်ငန်းများ ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံ Japan Post Holdings ကုမ္ပဏီမှ လက်ရှိလုပ်ငန်းလုပ်ကိုင် လျက်ရှိသည့် နည်းပညာ၊ နည်းစနစ် တို့ဖြင့် ပြည်တွင်းရှိ စာတိုက်လုပ်ငန်း များမှ အဓိကဝန်ဆောင်မှုပေးနေ သည့် ရိုးရိုးစာပို့နှင့် အမြန်ချောပို့ လုပ်ငန်းများအား နည်းစနစ်ပိုင်း များကိုလည်း ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရန်ကုန် စာတိုက်ကြီးမှ တာဝန်ရှိသူတစ်ဦးက ''စာတိုက်လုပ်ငန်းနဲ့ ပတ်သက်ပြီး စာပို့ဆောင်တဲ့အပိုင်း၊ စာသိမ်းစနစ်နဲ့ ဖြန့်ဝေမယ့်အပိုင်းကို ဂျပန်နိုင်ငံရဲ့ စာတိုက်တွေမှာ လုပ်နေတဲ့ပုံစံအ တိုင်း လုပ်သွားမှာပါ။ ရက်သိပ်မကြာ ဘဲ စာမြန်မြန်ဖြန့်ဝေနိုင်မယ့်ပုံစံပေါ့။ အခုကတော့ ICT စနစ်သုံးတာတွေ မပါသေးဘူး။ နောက်ပိုင်းမှ ဒီနည်း ပညာပိုင်းတွေပါလာမယ်''ဟု ပြော သည်။



လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့သုံးမြို့ ရွေးချယ်၍ တစ်ရက်သာကြာမည့် ပို့ဆောင်ပေးသည့်စနစ်ဖြင့် အမြန် ချောပို့လုပ်ငန်းအား ပြောင်းလဲဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

''ဒီလဆန်းကစပြီး အမြန်ချော စနစ်ကိုတော့ သက်ဆိုင်ရာမြို့အလိုက် ဒီနေ့ပို့ မနက်ဝေစနစ်နဲ့ ဝန်ဆောင်မှု စပေးတယ်။ ရှေ့ဆက်ပြီး ဂျပန်က ကူညီမှာတွေကို အစိုးရပိုင်းကိုတင်ပြ ထားတာတွေရှိတယ်။ New Business တွေ ချဲ့ထွင်ဖို့ရှိတယ်''ဟု အဆို ပါတာဝန်ရှိသူက ဆက်လက်ပြော သည်။

လာမည့်၂ဝ၁၅ခုနှစ်တွင် အဆို ပါ Japan Post Holdings ကုမ္ပဏီ မှ စာပို့တိုက်လုပ်ငန်းနှင့်ပတ်သက်၍ သင်တန်းများ လာရောက်ပို့ချပေးခြင်း နှင့် ဂျပန်နိုင်ငံသို့ခေါ်ဆောင်၍ သင် တန်းများပေးရန် စီစဉ်ထားကြောင်း သိရသည်။

ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် UCS အမြန်ချောပို့လုပ်ငန်းမှ အထွေ ထွေမန်နေဂျာ ဦးဝင်းဆန်းထွေးက ''စာပို့လုပ်ငန်းက သွားနေတဲ့ နည်း စနစ်ကလဲ ကြာနေပြီဆိုတော့ ပြုပြင် ပြောင်းလဲတာတွေ လုပ်လိုပါပြီ။ အ မြန်ချောပို့လုပ်ငန်းဆိုလဲ အိမ်တိုင် ရာရောက်ဝေတဲ့စနစ်ပဲရှိသေးတယ်။ လိုက်ယူပေးတဲ့စနစ်တွေကိုပါ ဝန် ဆောင်မှုပေးနိုင်ရင် ပိုထိရောက်နိုင် မယ်ထင်တယ်''ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းအမြန် ချောပို့လုပ်ငန်းအား ပုဂ္ဂလိကကုမ္ပဏီ ငါးခုကို လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။

Credit to : Democracytoday

0 comments:

Post a Comment