ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီအကြံပေးနှင့် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းအား အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု စာရင်းသွင်းကြောင်း ထုတ်ပြန်ချက် သည် ၄င်း၏အဖွဲ့အစည်းနှင့် သက် ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများ၏ဂုဏ် သိက္ခာနှင့် လေးစားယုံကြည်မှုကိုထိ ခိုက်စေ၍ ပြည်သူ့လွှတ်တော်မှ ကန့် ကွက်ပေးပါရန် တင်သွင်းသည့် အ ရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
ထိုထုတ်ပြန်ချက်သည် ပြည် တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက် စေသည့် မဟုတ်မမှန်သတင်းပေးသူ များနှင့် သတင်းပေးမှုများကိုလည်း ရှုတ်ချပေးရန်အဆိုကို နိုဝင်ဘာ ၁ဝ ရက်ကပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် မင်္ဂလာဒုံမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်မောင်ဝင်းက အရေး ကြီးအဆိုအဖြစ်တင်သွင်းခဲ့ခြင်း ဖြစ် သည်။
''ဦးအောင်သောင်းအပေါ် ထိန်း ချုပ်သည့်ဆန်ရှင်ကို အကြောင်းပြု ပြီး ပြည်တွင်းပုဂ္ဂိုလ်တချို့က အာဃာ တစိတ်ထားဖြင့် အခြေအမြစ်မရှိ သော သတင်းအချက်အလက်များ ဖြင့် စွပ်စွဲပုတ်ခတ် ပြောဆိုဝေဖန်ရေး သားဖော်ပြကြသည်ကိုလဲ တွေ့ရပါ တယ်။ အဲဒီလိုရေးသားဖော်ပြခြင်း အားဖြင့် ဦးအောင်သောင်းအပေါ် လေးစားမှုပျက်အောင် အကြည်ညို ပျက်အောင်၊ ထောက်ခံမှုဆက်ဆံမှု ပျက်အောင် ဖြစ်နိုင်သည့်အပြင် ဦး အောင်သောင်း ပါဝင်သောအဖွဲ့အ စည်း လွှတ်တော်ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများရဲ့ ဂုဏ်သိက္ခာ ကိုလဲ ထိခိုက်စေနိုင်ခဲ့ပါတယ်''ဟု ဦးတင်မောင်ဝင်းက လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။
အမေရိကန်နိုင်ငံ၏ ထုတ်ပြန် ချက်တွင်ပါဝင်သော စွပ်စွဲချက်များ သည် အခြေအမြစ်မရှိကြောင်းနှင့် ဦးအောင်သောင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် ပါတီအ နေဖြင့်ရော လွှတ်တော်အနေဖြင့်ပါ အောင်မြင်စေရန် ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း ယင်းက ဆက် လက်ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သောင်းက ''အထူးသဖြင့်တော့ ပါတီ ကိစ္စနဲ့ပတ်သက်တာပါ။ ပါတီရဲ့ဟာ ကတို့ဟာပဲဆိုပြီး လုပ်တဲ့သဘော တွေလဲ တွေ့တာပေါ့။ ပါတီအားပျော့ စေချင်တဲ့သဘောလဲ ရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ ပါတီအား ပျော့မှုမရှိဘူး။ မထိလဲ မထိခိုက်ပါ ဘူး''ဟု လွှတ်တော်အစည်းအဝေး အပြီး သတင်းထောက်များ၏ မေးမြန်း ချက်ကို ဖြေကြားသည်။
''ဦးအောင်သောင်းအနေဖြင့် သဘောထားတင်းမာသူတစ်ဦးဖြစ် တယ်ဆိုတဲ့စွပ်စွဲချက်ကလဲ လုံးဝမမှန် ကန်ပါဘူး''ဟု ဦးတင်မောင်ဝင်းက လွှတ်တော်အစည်းအဝေးတွင် ပြော ကြားခဲ့သည်။
ဦးတင်မောင်ဝင်း တင်သွင်း သည့် အရေးကြီးအဆိုနှင့်ပတ်သက် ပြီး တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေက ထောက်ခံဆွေးနွေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အကြံပေး ဦးအောင် သောင်းကို အမေရိကန်ပြည်ထောင် စုက အထူးကန့်သတ်သည့်ပိတ်ဆို့မှု အမည် မည်းစာရင်းတွင် ထည့်သွင်း ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ပပိုင်ဆိုင်မှုများ ထိန်း ချုပ်ရေးရုံး (OFAC) က အောက်တို ဘာ ၃၁ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးပိုင်ဆိုင်မှုများ ထိန်းချုပ် ရေးဆိုင်ရာ ဘဏ္ဍာရေးဌာနညွှန်ကြား ရေးမှူးက ဦးအောင်သောင်းသည် မြန်မာနိုင်င်ငံ၏စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပျက်စီးစေရန် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အကျင့်ပျက် လာဘ်စားမှုများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင် နေသူဖြစ်ကြောင်း ပြောကြားထား ကြောင်း သိရသည်။
Credit to : Democracytoday
0 comments:
Post a Comment