Tuesday, November 11, 2014

“အများစုပေါင်း ပြုလုပ်သည့် ကောင်းမှုအလှူတစ်ခုတွင် ဦးတေဇ ငွေကျပ် သိန်း(၅၀) ထည့်ဝင် လှူဒါန်း”



ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် နိုဝင်ဘာလ (၉)ရက်နေ့က အများစုပေါင်း ပြုလုပ်သည့် အလှူတစ်ခုတွင် ငွေကျပ် သိန်း(၅၀) ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ (၇)ရက်သားသမီး စေတနာရှင် အလှူရှင်များ၊ မီဒီယာများ၊ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၊ ကစားသမားများနှင့် အသင်းပရိသတ်များ၊ ထူးကုမ္ပဏီမှ ၀န်ထမ်းများ စုပေါင်းပြုလုပ်သည့်အလှူတွင် ယင်းကဲ့သို့ ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အလှူကို ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ လှေလမ်းကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအား အခမဲ့ စာပေပညာ သင်ကြား ပေးနေသည့် ဗုဒ္ဓရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစုပေါင်း အလှူတွင် စုစုပေါင်း ငွေကျပ် (၇၄)သိန်း(၅)သောင်း(၄)ထောင် တန်ဖိုးရှိ ငွေနှင့်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုအများကောင်းမှု စုပေါင်းအလှူတွင် ကျောင်းသား ကျောင်းသူများအား
နေ့လည်စာ အဟာရဒါနအလှူ၊ ဆရာတော်များအား န၀ကမ္မအလှူငွေ၊ ဆရာ/ဆရာမ (၂၁)ဦးအား တစ်ဦးလျှင်(၃)သောင်းကျပ်၊ သင်ကြားရေးတွင် အသုံးပြုရန် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ် လှူဒါန်းခြင်း၊ ကလေးငယ်များ စာသင်ကြားသည့် နေရာတွင် အသုံးပြုရန် ကြမ်းခင်း (၁၂)ခင်း၊ အဆောက်အဦး ပြုပြင်မွန်းမံရန်အတွက် ငွေကျပ် (၄၅)သိန်းခန့်၊ စုစုပေါင်း ငွေကျပ် (၇၄)သိန်း(၅)သောင်း(၄)ထောင် တိတိ တန်ဖိုးရှိသည့် ငွေနှင့်ပစ္စည်းများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
Credit to : Htoo Foudation

0 comments:

Post a Comment