Thursday, July 3, 2014

စက်တင်ဘာလတွင် စင်ကာပူသို့ သွားရောက်ဖျော်ဖြေမည့် ဂျနီဖာလိုပက်ဇ်


အမေရိကန် အဆိုတော်မင်းသမီး ဂျနီဖာလိုပက်ဇ်သည် စက်တင်ဘာလတွင် စင်ကာပူနိုင်ငံ၌ သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူလေကြောင်းလိုင်းက စပွန်ဆာအဖြစ် တာဝန်ယူသည့် စင်ကာပူ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ ကျင်းပမည့် စက်တင်ဘာ (၂၁)ရက်တွင် ဂျေလိုက ဖျော်ဖြေရေး အစီအစဉ်၌ ပါဝင်တာဝန်ယူမည် ဖြစ်သည်။

ဂျေလိုသည် မကြာသေးမီက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် Rap အဆိုတော် Pitbull နှင့် တွဲဖက်ပြီး ဘရာဇီးနိုင်ငံ၌ ဖျော်ဖြေခဲ့သေးသည်။

American Idol အစီအစဉ်မှူးလည်းဖြစ်သည့် အသက်(၄၄)နှစ်အရွယ် ဂျေလိုသည် (၂၀၁၂)ခုနှစ်ကလည်း စင်ကာပူသို့ သွားရောက် ဖျော်ဖြေခဲ့ဖူးသည်။

Love Don’t Cost A Thing၊ Waiting For Tonight နှင့် One The Floor သီချင်းများဖြင့် နာမည်ကြီးခဲ့သော ၄င်းအဆိုတော်သည် ဗြိတိန်အဆိုတော် ရော်ဘီဝီလျံနှင့်အတူ စင်ကာပူ ဖော်မြူလာဝမ်း ပြိုင်ပွဲ၌ ပူးပေါင်းမည် ဖြစ်သည်။ ဝီလျံသည်လည်း ညပိုင်းတွင် ယှဉ်ပြိုင်မည့် ကားပြိုင်ပွဲ၌ ဖျော်ဖြေရေး တာဝန်ယူမည်ဟု အတည်ပြုထားသည်။

အဆိုပါ အစီအစဉ်တွင် ထိုင်ဝမ်မှ Rock ဂီတအဖွဲ့ Mayday၊ ဂျွန်လီဂန်၊ Pet Shop Boys၊ ဇစ်ဂီမာလေ အစရှိသည့် အနုပညာရှင်များလည်း အားဖြည့်ပါဝင်ကြမည် ဖြစ်သည်။

_Ref: Channelnewsasia

0 comments:

Post a Comment