Tuesday, October 7, 2014

e- Visa စနစ်ဖြင့် ဝင်ရောက်ခွင့်အား ၂၄နိုင်ငံထပ်မံခွင့်ပြု အဆိုပါထပ်မံခွင့်ပြုသည့် နိုင်ငံများအား ရန်ကုန်လေဆိပ်မှသာ ဝင်ခွင့်ပြုမည်ဟုဆို


အွန် လိုင်း e-Visa စနစ်ဖြင့် နိုင်ငံခြား သားဝင်ရောက်ခွင့်ကို အီးယူနိုင်ငံများ နှင့် ဥရောပ၊ အာဖရိကရှိ နိုင်ငံ၂၄ နိုင်ငံကို ထပ်မံခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လဝကရုံးမှ သိရသည်။
e-Visa စနစ်ဖြင့်စတင်ဝင် ရောက်ခွင့်ပြုချိန်တွင် အာဆီယံများ အပါအဝင် နိုင်ငံပေါင်း ၄၃နိုင်ငံ ကိုဝင်ခွင့်ပြုခဲ့ပြီး ယခုလ ၂ရက်နေ့ မှစတင်ကာထပ်မံ၍ နိုင်ငံပေါင်း၂၄ နိုင်ငံကို ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါစနစ်ဖြင့်စတင်ဝင်ခွင့် ပြုခဲ့ချိန် စက်တင်ဘာလ ၁ရက်မှ စပြီး ၃ဝရက်အထိလည်း e-Visa ဖြင့်ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ၁၄၆၉ဦးရှိပြီဖြစ်ကြောင်းနှင့် ဝင် ရောက်ခွင့်ပြုထားသည်မှာ ၅ဝဝဝ ကျော်ရှိကြောင်း၊ လျှောက်ထားသူ ၆၃ဝဝကျော်ပြီဖြစ်ကြောင်းနှင့် ယခု ထပ်မံခွင့်ပြုထားသည့် နိုင်ငံများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌သာ ဝင်ရောက်ခွင့်ပြုထားခြင်းဖြစ် ကြောင်း လေဆိပ်လဝကမှ အဆင့် မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

''e-Visa နဲ့ခွင့်ပြုပြီး နောက် နိုင်ငံခြားသားဝင်ရောက်တဲ့နှုန်းတော့ တိုးလာတယ်လို့ ပြောလို့ရတယ်။ ဝင်လာတဲ့စာရင်းတွေမှာ နိုင်ငံခြားသားဝင်ရောက်မှုအများဆုံးနိုင်ငံတွေ က ပထမက အမေရိကန်၊ ဒုတိယက ဂျပန်၊ တတိယကစပိန်နဲ့ စတုတ္ထက ကိုးရီးယားနိုင်ငံတွေက အများဆုံး ဖြစ်နေပါတယ်။ ဘာလိုလဲဆိုတော့ ဒီစနစ်ကလွယ်ကူတဲ့အပြင်မြန်လဲ မြန် တဲ့အတွက်ကြောင့်ပါ''ဟုပြောသည်။
ခွင့်ပြုထားသည့် နိုင်ငံများတွင် ဗီဇာလျှောက်ထားသူကို တစ်နာရီ အတွင်းရောက်ရှိကြောင်း အကြောင်း ပြန်ပေးပြီး ၅ရက်အတွင်း ပြည်ဝင် ခွင့်ပြုမပြုကို အကြောင်းပြန်ကြောင်း ပြည်ဝင်ခွင့်ပြုသည်နှင့် ပြည်ဝင်ခွင့် ပြုထားသည့်နိုင်ငံခြားသားများနှင့်အချက်အလက်များကို လေဆိပ်သို့ ပေးပို့ကာ လေဆိပ်မှဆက်လက်စစ် ဆေးလုပ်ဆောင်ရကြောင်းလျှောက် ထားရခြင်းပုံစံများကို ပြောသည်။
လက်ရှိတွင်မြန်မာနိုင်ငံသို့ဝင် ရောက်မည့်ပြည်ပနိုင်ငံသားများအတွက် ပြည်ဝင်ဗီဇာ၆မျိုးဖြစ်သော ကမ္ဘာလှည့်ဗီဇာ ( Tourist- Visa)၊ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်း ဗီဇာ၊ သံတမန်ဗီဇာ၊ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာခြောက်မျိုးကိုခွင့်ပြု ထားပြီးယင်းခြောက်မျိုး Tourist - Visa , e-Visa စနစ်ဖြင့်အသုံးပြု ရန် သတ်မှတ်ကာခွင့်ပြုပေးလျက် ရှိနေခြင်း ဖြစ်သည်။
Credit to : Democracytoday

0 comments:

Post a Comment