အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ Microsoft သည် စက်တင်ဘာလ ၃၀ ရက်တွင် Windows 9 ကို မိတ်ဆက်ပြသရန် အတွက် အထူးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ သို့သော်လည်း အဆိုပါ နေ့စွဲမှာ မသေချာသေးကြောင်း သိရသည်။
ထို့အပြင် Windows ဗားရှင်းသစ်၏ အမည်ကို Windows 9 ဟု ခေါ်ဆိုခြင်း ရှိ၊ မရှိ အသေအချာ မသိရသေးကြောင်း၊ လက်ရှိတွင် ၎င်း operating system ၏ code အမည်ကို Windows Threshold ဟုခေါ်ဆိုထားကြောင်း The Verge မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က CNET ၏ အဖွဲ့ဝင်ဆိုက်ဖြစ်သော ZDNet ဆိုက်က Microsoft ၏ Threshold အတွက် technology preview တစ်ခုကို ပြသရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် သုံးစွဲသူများသည် အဆိုပါ operating system ကို စမ်းသပ် သုံးစွဲနိုင်ဖွယ်ရှိကြောင်း၊ သို့သော်လည်း software update များကို လစဉ် download ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းတင်ဆက်သူ မေရီဂျိုဖိုလေက ရေးသား ဖော်ပြခဲ့သည်။
The Verge ၏ ရင်းမြစ်များ အဆိုအရ စက်တင်ဘာလ ၃၀ ရက်တွင် Microsoft သည် အဆင့်မြှင့်တင်မှုများနှင့် feature သစ်များကို မိတ်ဆက်ပြသဖွယ်ရှိကြောင်းနှင့် operating system ၏ beta preview ကို ၎င်းပွဲ နောက်ပိုင်းမှသာ ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။
Ref: CNET

0 comments:
Post a Comment