Tuesday, August 12, 2014

Miss World ပြိုင်ပွဲဝင်ဖို့ မသေချာသေးဘူးဆိုတဲ့ သန္တာဗိုလ်

 မြန်မာနိုင်ငံတွင် ပထမ ဆုံးအကြိမ်ပြုလုပ်မည့် Miss World Myanmar 2014 အလှ မယ်ပြိုင်ပွဲဝင်ပြိုင်ရန် မသေချာ သေးကြောင်း သန္တာဗိုလ်က ပြော သည်။

‘‘ဖေ့စ်ဘွတ်ခ်မှာ သမီးရေး ထားတာက    ပရိသတ်တွေကို ပြိုင်ရမလားလို့ပဲ  မေးထားတာ။ ပြိုင်ဖို့ကတော့ မသေချာသေးဘူး’’ ဟု သန္တာဗိုလ်က ပြောသည်။

သာမန်မြန်မာမိန်းကလေး အရပ်ထက်မြင့်မားသည့်အတွက် ပရိသတ်များက ၎င်းကို ပါဝင် ယှဉ်ပြိုင်စေလိုသော်လည်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် ရေကူးဝတ်စုံဝတ်ရသော ယှဉ်ပြိုင်မှုပါဝင်နေသောကြောင့် ၎င်းအနေဖြင့် ရေကူးဝတ်စုံ မ၀တ်ရဲ၍ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားနေခြင်း ဖြစ်ကြောင်း သန္တာဗိုလ်က ပြော သည်။

သန္တာဗိုလ်၏ လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် နယ်မြို့များတွင် သီချင်းဆိုနေပြီး ထွက်ရှိထားသော တစ်ကိုယ် တော်ခွေ‘‘နားလည်ပေးပါကို’’ အယ်လ်ဘမ်အတွက် အမ်တီဗီ ရိုက်ကူးနေကြောင်း သိရသည်။ သန္တာဗိုလ်သည် လက်ရှိတွင် မော်ဒယ်၊ သရုပ်ဆောင်၊ အဆိုတော် အနုပညာအလုပ်များကို လုပ်ကိုင်နေပြီး ပရိသတ်အသင့်အတင့်ရရှိ ထားသည့်   အနုပညာရှင်တစ်ဦး ဖြစ်သည်။

Miss World Myanmar 2014 ပြိုင်ပွဲသို့ ပါဝင်လိုသူများကို လျှောက်လွှာခေါ်ယူနေပြီဖြစ်ပြီး လာရောက်လျှောက်ထားသူများ ထဲမှ  ဆန်ခါတင်  ရွေးချယ်ကာ ပြိုင်ပွဲပြုလုပ်၍ အနိုင်ရရှိသူကို ဗြိတိန်နိုင်ငံတွင် ပြုလုပ်မည့် Miss World Myanmar 2014 နိုင်ငံ တကာ အလှမယ်ပြိုင်ပွဲသို့ စေ လွှတ်မည်ဖြစ်သည်။

7 Day Daily

0 comments:

Post a Comment