Tuesday, August 5, 2014

Kim Kardashian ရဲ့ game app အတွက် ဒေါ်လာ ၁၂၀ သုံးစွဲခဲ့တဲ့ ၁၁ နှစ်သားကြောင့် Kim ကို ‘စိတ်ပျက်စရာ ဝက်မ’ လို့ခေါ်လိုက်တဲ့ မိခင်

Kim Kardashian ကသူမရဲ့ ဆိုးဆိုးဝါးဝါးစွဲလမ်းစေတတ်တဲ့ iPhone app ကနေ ဒေါ်လာ သန်း ၂၀၀ ရရှိနိုင်ဖို့ စီစဉ်နေကြောင်း ပြောဆိုနေကြပါတယ်။ အဲဒီ့ငွေထဲက ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုကတော့ အလွှမ်းမိုးခံလွယ်တဲ့ ကလေးတွေဆီကနေရမယ့်ပုံပါပဲ။ ဒီကိစ္စကိုလက်မခံနိုင်ဘဲ စိတ်ဆိုးနေတဲ့ မိခင်တစ်ယောက်တော့ထွက်ပေါ်လာပါတယ်။ စိတ်မချမ်းသာပြီး၊ သားသမီးတွေကို အလွန်အကျွံထိန်းချုပ်တဲ့ မိဘတွေရဲ့ အလိုမကျမှုတွေက Twitter စာမျက်နှာတွေ ပေါ်ရောက်လာတတ်ပြီးတော့ စာရေးဆရာမ Ayelet Waldman ရဲ့ Kardashian ကိစ္စနဲ့ပတ်သတ်တဲ့ ဒေါသတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ညက ပြန်လည် tweet လုပ်မှုပေါင်း ၂၂ ခုနဲ့ Facebook message ပေါင်းများစွာမှာ Waldman တစ်ယောက် ကြမ်းတမ်းပြီး၊ အရင်းရှင်ဆန့်ကျင်ရေးကိုဦးတည်တဲ့ စာကြောင်းတွေကို ရေးတင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့၁၁နှစ်သား Abe က အဲဒီ့ game ထဲက ဒင်္ဂါး၊ အဝတ်အစားသစ်တွေ၊ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ဒေါ်လာ ၁၂၀ ကိုအသုံးပြုခဲ့ပါတယ်။ သူ့သားရဲ့ဖုန်းကိုသူမရဲ့အကြွေးဝယ်ကဒ် အသုံးပြုခွင့်ထည့်ပေးထားတာကြောင့် ၂ ရက်အတွင်း ဒေါ်လာ ၁၂၀ ကုန်ကျခဲ့ပါတယ်။ Waldman တစ်ယောက် Kim Kardashians ကို ‘ခံစားချက်ကင်းမဲ့တဲ့ ဝက်မ’ လို့ပြောဆိုပြီး သူတို့က အရောင်းအကြီးအကျယ်အောင်မြင်ဖို့အတွက် လှည့်စားနေတဲ့အကြောင်းနဲ့ သားသမီးတွေရဲ့ ဖုန်းထဲက Kardashian game ကိုဖျက်ပစ်ဖို့ပြောဆိုပါတယ်။

ref:cosmopolitan.com

0 comments:

Post a Comment