ဆီးရီယားအစိုးရ၏ တက်ကာ လေတပ်အခြေစိုက်စခန်းတစ်ခုကို သြဂုတ် ၂၄ ရက်တွင် သိမ်းပိုက်ခံစဉ်က ဖမ်းဆီးခဲ့သူ ၂၅၀ ကို သတ်ပစ် လိုက်ကြောင်း ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းကို IS အဖွဲ့က ထုတ်ဖော်ပြသလိုက်သည်။
ယင်းလုပ်ရပ်သည့် IS စစ်သွေးကြွအဖွဲ့အနေဖြင့် စစ်ရာဇ၀တ်မှုတစ်ခုကို ထပ်မံကျူးလွန်ခြင်းဖြစ် ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။
အသတ်ခံရသူအရေအတွက် အတိအကျကို မသိရသော်လည်း ၂၅၀ ဦးထက်လျော့နည်းနိုင်ကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြထားသည်။ ဗီဒီယိုမှတ်တမ်းတွင် သေဆုံးသူ ၁၅၀ ထက်မနည်းကို တွေ့ရှိရသည်။
လေတပ်စခန်းအား တိုက်ခိုက်မှုတွင် စစ်သွေးကြွများက စစ်လေယာဉ်များ၊ တင့်ကားများ၊ အမြှောက် များနှင့် လက်နက်ခဲယမ်းများကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။
IS စစ်သွေးကြွများအနေဖြင့် ယခုနောက်ပိုင်းကာလများတွင် အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်မှုအပါအ၀င် ထိခိုက်ဆုံးရှုံးမှုများ ရှိနေသော်လည်း လေတပ်စခန်းသိမ်းပိုက်ခံရမှုကြောင့် စစ်သွေးကြွများအနေဖြင့် ခေတ်မီစစ်လက်နက် နည်းပညာများ ရရှိသွားကြောင်း သိရသည်။
Ref: Daily Mail



0 comments:
Post a Comment