စက်ရုံပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် ဓာတ်ပုံ - ဟင်္သာနီ (မွန်မြေ)
ထိုင်းနိုင်ငံ စမွန်ပါကန် မြို့နယ်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံ ပေါက်ကွဲမှုတွင် ဒဏ်ရာရသူ မြန်မာလူမျိုး ၁၈ ဦးအနက် အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားကြောင်းသတင်းရရှိသည်။
ဩဂုတ် ၁၉ ရက်က ဒဏ်ရာရအမျိုးသမီးတစ်ဦး သေဆုံးပြီးနောက် အဆိုပါအမျိုးသမီး၏ ယောက်ျားဖြစ်သူ ထပ်မံသေဆုံးသွားခြင်းဖြစ်သည်။ ၎င်းတို့သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ လာရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး ဇာတိတွင် ကလေးငယ်သုံးဦး ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘မိန်းမသေလို့ ရက်လည်တဲ့နေ့မှာ ယောက်ျားကထပ်သေသွားတာ။ မြန်မာတွေအားလုံး စိတ်မကောင်းဖြစ်နေကြတယ်။ လင်မယားနှစ်ယောက်စလုံးသေ တဲ့အပြင် ကလေးကလည်း သုံးယောက်ကျန်ခဲ့တယ်’’ဟု ၎င်းက ပြောသည်။
ဆေးဆိုးပန်းရိုက်စက်ရုံ ဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများအား မြန်မာအစိုးရ၊ ထိုင်းအစိုး ရနှင့် အလုပ်ရှင်တို့က ထောက်ပံ့ကြေးငွေအချို့ပေးထားသော်လည်း အလုံးစုံမရသေးဘဲ အလုပ်သမားအချို့ ဆေးရုံတက်နေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။
7 Day Daily
0 comments:
Post a Comment