Friday, August 22, 2014

IS အဖွဲ့က ပိုအန္တရာယ်ကြီးတယ်လို့ ချာ့ခ်ဟေဂဲလ်ပြော

အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွ အဖွဲ့ရဲ့ လက်ရှိ နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်နေတာဟာ အရင်က အကြမ်းဖက်အဖွဲ့တွေထက်ပိုပြီး အန္တရာယ်ကြီးတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး က ပြောလိုက်ပါပြီ။

ဝါရှင်တန် ဒီစီမှာ မနေ့တုန်းက အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချာ့ခ် ဟေဂဲလ်က အဲဒီလိုပြောပြီး အခု IS စစ်သွေးကြွ တွေဟာ လက်နက်၊ ငွေကြေး၊ လေ့ကျင့်မှုတွေက အရင်က စစ်သွေးကြွဆိုတာတွေထက် ပိုအား
ကောင်းတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးနဲ့ အတူ သတင်းစာရှင်းလင်းပွဲ လုပ်စဉ် အမေရိကန်စစ်ဗိုလ်ချုပ်ကြီး မာတင်ဒဲမ်ဆေ ကလည်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ အခု သောင်းကြမ်းနေတဲ့ IS အဖွဲ့ တွေကို ချေမှုန်းဖို့ ၂ နိုင်ငံ လုံးက ဒေသခံ လူထုတွေကပါ စစ်သွေး ကြွတွေကို တွန်းလှန်ဖို့ လိုတယ်လို့ ပြောသွားပါတယ်။

 IS အဖွဲ့က ခေါင်းဖြတ်သတ်ခြင်း ခံရတဲ့ အမေရိကန်သတင်းထောက် ဂျိမ်းဖိုလေကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ရှိခဲ့တဲ့အပေါ် ကြေကွဲရတယ်လို့လည်း ချာ့ခ် ဟေဂဲလ်က ပြောသွားတာကို ဗွီအိုအေ သတင်းတပုဒ်မှာတွေ့ရပါတယ်။

IS အဖွဲ့က နောက်ထပ် အမေရိကန်နိုင်ငံသားကိုပါ ခေါင်းဖြတ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် အမေရိကန်က တော့ အီရတ်က IS အဖွဲ့စခန်းချရာနေရာတွေကို လေကြောင်းက အပြင်းအထန် ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေပါတယ်။

ဧရာဝတီ Facebook

0 comments:

Post a Comment