Friday, August 1, 2014

စီးရီးသစ်ကို Dream Lover တီးဝိုင်း နဲ့ တီးခတ်မယ့် ဆုန်သင်းပါရ်


တေးသံရှင် ဆုန်သင်းပါရ်က သူ့ရဲ့ နောက်ထပ် အသစ် ထွက်ရှိမယ့် စီးရီးသစ်ကို Dream Lover တီးဝိုင်း နဲ့ တီးခတ် အသံသွင်း ယူမယ်လို့ သိရ ပါတယ်။ Dream Lover နဲ့ အခွေ အသစ်မှာ စတင် လက်တွဲဖြစ်ပုံ ကို ဆုန်သင်းပါရ် က..
”Dream Lover က အရင် ကလည်း ဆိုဖူးတယ်။ သူတို့က မန္တလေးရဲ့ IC လိုမျိုးပေါ့။ သူတို့ တီး တာလည်း သဘော ကျတယ်။ Band အသစ် နဲ့လည်း ဆိုချင်တော့ လက်တွဲ ဖြစ်တာပါ” လို့ ပြောတဲ့ ဆုန်သင်းပါရ် က လက်ရှိ အိပ်မက်ဆုံရာ Season 9 ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် အဖြစ်လည်း ပါဝင် ဆောင်ရွက်နေ သူဖြစ်ပါတယ်။ Season 9 ပြိုင်ပွဲဝင်တွေ အပေါ် ဆုန်သင်းပါရ် ရဲ့ မှတ်ချက်က..
”ကိုယ်ကဒိုင် အဖြစ်ပါဝင် တယ် ဆိုတာက ကလေးတွေ ပြိုင်တာ ကို အကဲဖြတ ရတာပေါ့။ သူတို့အား လုံးလည်း အရည်အချင်း ရှိကြပါ တယ်။ ဆုန်သင်း အနေ နဲ့တော့ အား ရပါတယ်။ သူတို့ပြိုင်တဲ့ သီချင်း တင်မဟုတ်ဘဲ တကယ့်ကို နှံ့နှံ့စပ်စပ် နဲ့ သိကြတယ်။ ဟာမိုနီလည်း ကောင်းကောင်း လိုက်နိုင်တယ် ။တော်တော် ဆိုနိုင်တဲ့ သူတွေ လို့ မြင်ပါ တယ်”ဆိုတဲ့ ဆုန်သင်းပါရ် ကို တချို့ ပရိသတ်တွေ ရဲ့အိပ်မက် ဆုံရာ အပေါ်မှာ ဝေဖန်မှုတွေ လည်း ရှိကြ တဲ့အပေါ် မေးကြည့်တော့..
“ခေတ်ရဲ့ရေစီး အရ ဖက်ရှင်တို့၊ ဂီတတို့ ဆိုတာတွဲနေတာပေါ့။ ဖက်ရှင်ပိုင်းကို အလေးသာတယ် ဆို ပေမယ့်လည်း ဒါက တစ်နိုင်ငံလုံး ကို ကြည့်လို့ရအောင် ထုတ်လွှင့် တာဖြစ် တဲ့ အတွက် မျက်စိ ပသာဒ လည်း ဖြစ် စေအောင်ပေါ့။ ဂီတပိုင်းရော၊ ဖက်ရှင်ပိုင်း ရော မလျော့အောင် ပြုလုပ်ထား တာဖြစ် တဲ့အတွက် အစီအစဉ်ကောင်း တစ်ခုပါ” လို့ ဆုန်သင်းပါရ် ကပြောပါတယ်။ ကိုယ်တိုင် ကလည်း သီချင်း ဆိုနေ တဲ့ လူဖြစ်တာကြောင့် ပြိုင်ပွဲဝင် တွေရဲ့ဆိုပုံ ဆိုပေါက်ကို ဝင် ခံစား ကြည့်ပြီး အကဲဖြတ် ရတာ ကြောင့်လည်း ပို အဆင်ပြေ ပါတယ် လို့လည်း ဆုန်သင်း ပါရ် က ထပ်လောင်းပြောပါ တယ်။ လတ်တလော မှာ တော့ ဆုန်သင်း ပါရ်က သူ့ရဲ့ ထွက်ရှိထားတဲ့ “အသစ်” စီးရီး ကို အမ်တီဗီ အပြီးသတ် ရိုက်ကူး လျက်ရှိပြီး အမ်တီဗီ ပြီးတာ နဲ့ နောက် ထပ်စီးရီးသစ် ဆက်တိုက် ထွက်ရှိနိုင် ဖို့စီစဉ် ထားတယ်လို့လည်း သိရပါ တယ်။

Popular Myanmar News Journal

0 comments:

Post a Comment