Friday, August 1, 2014

အစ္စရေးစစ်လေယာဉ်များက ဂါဇာကမ်းမြောင်ရှိ ကုလသမဂ္ဂ ဖွင့်လှစ်ထားသော ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်


လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေးတစ်ရပ်
ဆွေးနွေး ရန် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့သို့ ပါလက်စတိုင်း ဆွေးနွေးရေးအဖွဲ့များ ထွက်ခွာတော့မည့်
အချိန်တွင် ဂါဇာကမ်းမြောင်ဒေသရှိ ကုလ သမဂ္ဂ ကျောင်းတစ်ကျောင်းကို ဇူလိုင်လ ၃၀ ရက်နေ့
အစောပိုင်းက အစ္စရေးဘက်က ဗု့းကြဲတိုက်ခိုက်ခဲ့ပြီးနောက် လူ ၂၀ သေဆုံးခဲ့ကြောင်း ဆေးဘက်
ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများ အဆုံးသတ်ရန် နိုင်ငံတကာက ကြိုးစားနေသည့်ကြားက အစ္စရေးနှင့် ဟားမတ်စ်
တို့အကြား ဖြစ်ပွား နေသောတိုက်ပွဲ ၂၃ ရက်မြောက်နေ့တွင် ဘေးလွတ်ရာသို့ ထွက်ပြေးလာသူ
ဒုက္ခသည် များ ခိုလှုံစရာနေရာအဖြစ် အသုံးပြုထားသော ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ
ကုလ သမဂ္ဂကျောင်းကို အစ္စရေးဘက်က တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် ဇူလိုင်လ ၃၀ ရက်နေ့ အစောပိုင်းက လူ ၃၂ ဦးထက်မနည်း သေဆုံး ခဲ့ခြင်း
အပါအ၀င် လူပေါင်း ၁,၂၆၀ ခန့် သေဆုံး ခဲ့ရပြီး အထူးသဖြင့် ကလေးများအပါအ၀င် အရပ်သား
သေဆုံးသူဦးရေ မြင့်တက်လာ မှုကြောင့် နိုင်ငံတကာက စိုးရိမ်လျက်ရှိသည်။

ကုလသမဂ္ဂက တရားဝင် ထုတ်ပြန်ကြေညာ သည့် သေဆုံးသူဦးရေမှာ ၁၆ ဦးဖြစ်သည်။ ဂျာဘာ
လီးယား ဒုက္ခသည်စခန်းရှိ ပါလက်စတိုင်းဒုက္ခသည်များ အကူအညီ ပေးရေးဆိုင်ရာ ကုလသမဂ္ဂ
အေဂျင်စီ (UNRWA) ကဖွင့်လှစ်ထားသော မိန်းကလေး ကျောင်းတိုက်ခိုက်ခံရမှုမှာ အဆိုပါဒေသ
၌ အစ္စရေးတင့်ကားများ၏ ပစ်ခတ်တိုက်ခိုက်မှု များအပြီး နျစ်နာရီအကြာ ဒေသစံတော်ချိန် နံနက်
၅ နာရီခွဲတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂကျောင်းကို ဗုံးတစ်လုံး၊ သို့မဟုတ် ယင်းထက်မနည်း ထိမှန်ခဲ့ခြင်း ဖြစ်ကာ ဗု့းကြဲတိုက်
ခိုက်မှုများကြောင့် အဆောက်အအုံများရှိရာဝင်း၏ အပြင်ဘက် တံတိုင်းများလည်းပျက်စီးခဲ့ကြောင်း
အေ အက်ဖ်ပီသတင်းထောက်က ပြောခဲ့သည်။ နေရပ်မှစွန့်ခွာထွက်ပြေးလာကာ ယင်း နေရာ၌
ခိုလှုံနေသော ပါလက်စတိုင်းဒုက္ခသည် များမှာ ၎င်းတို့၏ ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်း
ကာ ထိုနေရာမှ ထွက်ပြေးကြရ ပြန်သည်။ ထိုတိုက်ခိုက်မှုမှာ လူသားချင်း စာနာမှုဆိုင်ရာ ယာယီ
အပစ်အခတ်ရပ်စဲရေး တစ်ရပ်အတွက် ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့များ ကိုင်ရိုမြိုကသို့
ထွက်ခွာရန် ပြင်ဆင်နေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဟားမတ်စ်အဖွဲ့နှင့် နှစ်ပေါင်းများစွာသဘောကွဲလွဲနေသည့် အနောက်ဘက်ကမ်း ၌ရုံးစိုက်သော
ပါလက်စတိုင်း လွတ်မြောက် ရေးအဖွဲ့က ၂၄ နာရီ အပစ်အခတ်ရပ်စဲရေး တစ်ရပ်အတွက် ယင်း
အဖွဲ့၏ ထောက်ခံမှုကို ရရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သော် လည်း မည်သည့်အချိန်တွင်
စတင်မည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ အစ္စရေးအစိုးရဘက်ကလည်း အပစ် ရပ်ရေးအဆိုပြုချက်
နှင့် ပတ်သက်ပြီး တစ်စုံ တစ်ရာ ပြောကြားခဲ့ခြင်းမရှိပေ။ ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘတ်စ်
က ဟားမတ်စ်အဖွဲ့အကြီးအကဲ ခါလစ် မီရှားလ်နျင့် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်တို့ တွင်
ဆက်သွယ်ပြောဆိုခဲ့သည်။

မာမွတ် အက်ဘတ်စ်က ၂၄ နာရီ အပစ်ရပ်ရေးအတွက် အဆိုပြုခဲ့ပြီး မီရှားလ်က လက်ခံခဲ့ကြောင်း
ထိပ်တန်း ပါလက်စတိုင်း အရာရှိတစ်ဦး ဖြစ်သူ နာဘီလ်ရှားသ်က အေအက်ဖ်ပီသို့ ဇူလိုင်လ ၂၉
ရက်နေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ် ရပ်စဲရေး
တစ်ရပ် ရရှိရေးအတွက် နိုင်ငံတကာက အာရုံစိုက် ကြိုးစားလုပ်ဆောင် လျက်ရှိပြီး ထိုအပစ်အခတ်
ရပ်စဲမှုမှသည် ရေရှည်အပစ်အခတ်ရပ်စဲမှုအထိ တိုးမြင့်ရရှိရေးအတွက် မျှော်မှန်းလျက်ရှိသည်။

(အေအက်ဖ်ပီ)

0 comments:

Post a Comment