မိုးစက်ဝိုင်သည် ၎င်း၏ပရိသတ်များအတွက် အမှတ်တရတစ်ခုကျန်ရစ်စေမည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရန် ဇာတ်လမ်းတစ်ပုဒ်ရှာနေသော်လည်း ယင်းဇာတ်လမ်းကို မတွေ့သေးဟု ပြောသည်။
မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အနုပညာ အလုပ်များ လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ပိုမိုများပြားလာသော်လည်း ၎င်းက ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးမှုများ လက်ခံမည်မဟုတ်ဟု ပရိသတ်များကို ပြောကြားသည်။
၎င်းသည် အနုပညာလုပ်ငန်းများကို တစ်နှစ်ကျော်လုပ်ကိုင်လျက်ရှိပြီး လက်ရှိ၌ ကြော်ငြာများနှင့် ပရဟိတ အလုပ်များကို လုပ်ကိုင်လျက်ရှိသည်။
မိုးစက်ဝိုင်သည် Miss Universe Inter-national 2013 ပြိုင်ပွဲကို ရုရှနိုင်ငံ၊ မော်စကိုမြို့၌ သွားရောက်ယှဉ် ပြိုင်ခဲ့သူဖြစ်သည်။
Mizzima

0 comments:
Post a Comment