Friday, August 29, 2014

အစိုးရဌာနများ၏ ​တောင်းခံ​ငွေများ အလွယ်​တကူ အတည်​ပြု​ပေး​နေရ


ရန်​ကုန်​တိုင်းအစိုးရအဖွဲ့ရဲ့ စာရင်းစစ်​ချုပ်​အစီရင်​ခံစာကို ​နောက်​ကျပြီးမှ သိရလို့ ဌာန​တွေက ​တောင်းခံတဲ့​ရန်​ပုံ​ငွေ​တွေကို ရန်ကုန်တိုင်းလွှတ်​​တော်​က အလွယ်​တကူ အတည်​ပြု​ ပေး​နေရတယ်​လို့ တိုင်းလွှတ်​​တော်​အမတ် ​ဒေါက်​တာ ညိုညိုသင်းက ​ပြောပါတယ်​။

“တချို့ လုပ်​ငန်း​တွေဆိုရင်​ မပြီးပြတ်​ဘူး။ ​နောက်​ထပ်​လို​ငွေ​တွေ​ ​တောင်းလာ​တော့လည်း စာရင်းစစ်​ အစီရင်​ခံစာ မရလို့ ပြန်​​မေးခွင့်​ မရဘူး။ ဒါ​ကြောင့်​ အနည်းဆုံး ၆ လ တ​ကြိမ်​ တင်​သွင်း​ပေးပါ” လို့ ဒီ​နေ့လွှတ်​​တော်​ အစည်းအ​ဝေးမှာ ​မေးမြန်းခဲ့ပါတယ်​။

မေးခွန်းကို တိုင်းစာရင်းစစ်​ချုပ်​က ​ဖြေကြားရာမှာ​တော့ သက်​ဆိုင်​ရာဌာန​တွေက နှစ်​ချုပ်​စာရင်း ပြုစုရတာ၊ စာရင်းစစ်​ရုံးရဲ့ လုပ်​ငန်း​ဆောင်​ရွက်​ရ​တွေ​ကြောင့် ဒီလို ​နောက်​ကျ​နေရတာ ဖြစ်​ပြီး ၂၀၁၃-၁၄ ခုနှစ်အတွက်​ စာရင်း​တွေကို စတင်​ စစ်​​ဆေး​နေပြီး ၂၀၁၅ နှစ်​ဆန်းပိုင်းမှာ တင်​ပြနိုင်​မယ်​လို့ ​ဖြေကြားခဲ့ပါတယ်​။

DVB

0 comments:

Post a Comment