Friday, August 29, 2014

ငှက်ပျောသီးစားသုံးခြင်းကနေ သင်ဘယ်လိုအကျိုးတွေရရှိနိုင်မလဲ။


ငှက်ပျော်သီးမှာ သဘာဝသကြားဓါတ်တွေမြောက်များစွာ ပါဝင်နေတာကြောင့် ခွန်အားပိုကောင်းလာစေပြီး အားကစားသမားအများစုက အားထားရတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ နောက်ထပ် ငှက်ပျောသီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို အောက်မှာ စုစည်းပေးထားပါတယ်။

၁။ စိတ်ဖိစီးမှု

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုခံစားနေတဲ့ဝေဒနာရှင်တွေဟာ ငှက်ပျော်သီးစားပြီးတဲ့နောက်မှာ ပိုပြီးသက်သာလာတာကို တွေ့ရှိရပါတယ်။ ပရိုတင်းဓါတ်အမျိုးအစားပါဝင်တဲ့အတွက် လူကို သက်တောင့်သက်သာရှိစေပြီး သင့်စိတ်ခံစားမှုအပေါ် ပိုပြီး သက်ရောက်မှုရှိစေပါတယ်။ ဆေးသောက်စရာမလိုပါဘူး။ ငှက်ပျော်သီးစားပြီး သင့်စိတ်ဖိစီးမှုကို လျော့ချလိုက်ပါ။

၂။ သွေးတိုးရောဂါ

သွေးခုန်နှုန်း အကောင်းဆုံးဖြစ်စေနိုင်တဲ့အတွက် သွေးတိုးရောဂါနှင့် အကြောသေတဲ့ဝေဒနာတွေကို သက်သာစေနိုင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

၃။ ဦးနှောက်စွမ်းရည်

ကျောင်းသားတော်တော်များများက စာမေးပွဲဖြေခါနီးဆိုရင် ငှက်ပျော်သီးကို မနက်၊နေ့လည်၊ညစာ တွေမှာ ပေါင်းပြီးစားကြတာကိုတွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်အရ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်ဓါတ်တွေက သင်ကြားမှုပိုင်းမှာ ပိုပြီးထက်မြက်စေတာကိုတွေ့ရှိထားပါတယ်။

၎။ အပြင်သွားရင်းအစာလွန်တဲ့အချိန်မှာ

ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ ငှက်ပျောသီးစားဖို့ပဲဖြစ်ပါတယ်။ ငှက်ပျောသီးက ဆာလောင်ခြင်းကိုသက်သာစေပြီး သွေးမှာ သကြားဓါတ်ပိုများစေတဲ့အတွက် အစာခံစားသုံးဖို့ အကောင်းဆုံးအသီးတစ်မျိုးပဲဖြစ်ပါတယ်။

၅။ ယင်ကောင်ကိုက်ခြင်း

ယင်ကောင်ကိုက်လို့ ဆေးလိမ်းတာမျိုးမလုပ်ခင်မှာ ငှက်ပျောသီးအခွံအတွင်းပိုင်းကို ပွတ်ပေးလိုက်ပါ။ ယားယံခြင်းကိုသက်သာစေပြီး ယောင်နေတာမျိုးလည်း ဖြစ်မှာ မဟုတ်ပါဘူး။

၆။ အပူချိန်ကို ထိန်းချုပ်ပေးပါတယ်။

လူအများစုက ငှက်ပျောသီးကို အေးတဲ့အသီးဆိုပြီးတော့ သတ်မှတ်ကြပါတယ်။ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာ အပူချိန်ကို ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်စွမ်းလည်း ရှိနေတာကို တွေ့ရှိရပါတယ်။ ဥပမာ- ထိုင်းလူမျိုးတွေကတော့ ကိုယ်ဝန်ဆောင်မိခင်တွေက ငှက်ပျောသီးများများစားမှ ကလေးကို အပူချိန်အေးအေးလေးနဲ့ မွေးနိုင်မှာဖြစ်တယ်ဆိုပြီး လက်ခံထားကြပါတယ်။

Ref:worldobserveronline.com

0 comments:

Post a Comment