မကြာသေးမီက ကျင်းပခဲ့သည့် ဗီဒီယိုဂီတဆုပေးပွဲ VMA 2014 တွင် အမေရိကန်၌ အိမ်ရာမဲ့များ တိုးပွားလာခြင်းကိစ္စကို လူအများ သတိထားမိစေရန် ရည်ရွယ်ပြီး အိမ်ရာမဲ့လူငယ်တစ်ဦးအားကိုယ်စား ဆု တက်ရောက်ယူစေခဲ့သည့် အဆိုတော်မိုင်လေဆိုင်းရပ်စ်သည် ရဲတပ်ဖွဲ့က ထိုလူငယ်ကို ပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဝရမ်းထုတ်ထားခြင်းကို ကာကွယ်ပြောကြားလိုက် သည်။မိုင်လေသည် ၎င်းကိုယ်စားဂီတဆုကို အဆိုပါ လူငယ် ဂျက်စီ(၂၂)နှစ်အား တက်ရောက်ယူစေ ခဲ့ခြင်းဖြစ်သည်။
‘‘အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့နာမည် ဂျက်စီပါ။ ဒီဆုကို လမ်းပေါ်လေလွင့်နေ ပြီး အိမ်ရာမဲ့ဖြစ်နေတဲ့ လူ ၁ ဒသမ ၆ သန်း ကိုယ်စား လက်ခံရယူတာပါ။ ကျွန်တော်ဟာလည်း သူတို့ထဲက လူတစ်ဦးပါပဲ’’ဟု ဂျက်စီက ဆုပေးပွဲတွင် ပြောကြားခဲ့သည်။သို့သော် မိုင်လေ၏ ကောင်းရာကောင်းကြောင်း လုပ်ဆောင်ခဲ့သောလုပ်ရပ်မှာ ရဲဘက်က ထိုလူငယ်ကို ပိုင်နက်ကျူးလွန်မှု၊ အနှောင့်အယှက်ပေးမှုစွဲချက်များ ဖြင့် ၂၀၁၀ ကပင် ဖမ်းဝရမ်း ထုတ်ထားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သောအခါ အဆိုတော်က ၎င်း၏ကိုယ်စားလှယ် ကို ကာကွယ်ရန်ဖြစ်လာခြင်းဖြစ် သည်။ဂျက်စီကို ထုတ်ပြန်သည့်ဝရမ်းမှာ ၂၀၁၁ နိုဝင်ဘာတွင် တားမြစ်ချက်မလိုက်နာမှုကြောင့်အော်ရီဂွန်ပြည်နယ်၌ ထုတ်ပြန် ထားခဲ့ခြင်းဖြစ်သည်။
‘‘အိမ်ရာမဲ့ဖြစ်တဲ့သူတွေဟာ အရမ်းခက်ခဲတဲ့ ဘဝတွေမှာ ဖြတ်သန်းခဲ့ရတာပါ။ ဂျက်စီလည်း အဲဒီထဲမှာ ပါဝင်တာပဲပေါ့။ ဒီကိစ္စက လူငယ်တွေ အိမ်ရာမဲ့ဖြစ်ခြင်းနဲ့ဒါကို ဘယ်လိုအဆုံးသတ်မလဲဆိုတာကို နိုင်ငံတစ်ဝန်း ဆွေးနွေးမှုတွေ ဖြစ်လာစေမယ်လို့ ကျွန်မမျှော်လင့်ပါတယ်’’ဟု မိုင်လေက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။လူငယ်ဂျက်စီသည် မိုင်လေ၏ ခေါ်ယူမှုဖြင့် မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ရန် လော့စ်အန်ဂျလိစ်မြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
—Ref: Ok Magazine
Source : 7DayDaily
0 comments:
Post a Comment