Tuesday, August 12, 2014

ဧည့်ခန်းထဲမှာတင် ပေါ့ပေါ့ပါးပါး လုပ်နိုင်မယ့် ပေါင်လေ့ကျင့်ခန်း

အပြင်သွားစရာမလို အိမ်ထဲမှာတင် သင့်ပေါင်လုံးလေးတွေ လှပစေဖို့ လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတစ်ခု ပြောပြပေးချင်ပါတယ်။ လုပ်ရမယ့် အဆင့်က (၃)ဆင့်ထဲပါ။

အဆင့် (၁)

ထိုင်ရတာ သက်တောင့်သက်သာရှိမယ့် နေရာတစ်နေရာကို ရွေးချယ်ပြီး ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပါ။ ကိုယ့်ကျောနောက်မှာ မှီနိုင်မယ့် နံရံတစ်ခု ရှိနေပါစေ။
အဆင့် (၂)

နံရံကို သေသေချာချာ မှီထားလိုက်ပြီး ပုံမှာပြထားသလို ညာဘက်ခြေထောက်ကို ကွေးလိုက်ပြီး ဘယ်ဘက်ခြေထောက်ကို ဆန့်ထုတ်လိုက်ပါ။ ခြေဖ၀ါးကလည်း ပုံမှာပြထားတဲ့အတိုင်း အပြန့်ရှိနေပါစေ။
အဆင့် (၃)

အဲ့ဒီနောက်မှာတော့ ကိုယ်ခန္ဓာကို မတ်မတ်လေးထားလိုက်ပြီး ဘယ်ဘက်ခြေထောက်ကို အပေါ်ကို မြှောက်နိုင်သလောက် မြှောက်ကြည့်လိုက်ပါ။ ဒီလို ခြေထောက်ကို မြှောက်တဲ့အခါ ကိုယ်ခန္ဓာအနေအထား ပျက်မသွားပါစေနဲ့။ ကုန်းသွားတာမျိုး မဖြစ်ပါစေနဲ့။ ပြီးတာနဲ့ ဖြေးဖြေးပြန်ချပါ။ ဒီလိုမျိုး ၁၅ခါလောက် လုပ်ပြီးသွားရင် တစ်ဖက်ကို ပြောင်းပြီး လုပ်ပေးပါ။ တစ်ဖက်ပြောင်းပြီး ၁၅ခါလုပ်ပြီးပြီဆိုရင်တော့ အနားယူလိုက်ပါတော့။
Ref:cosmopolitan.com

0 comments:

Post a Comment