ကိုယ်ကလည်း အမှားလုပ်သေး။ ဆောရီးတစ်လုံးတည်းနဲ့ ပြီးရောလား။ သူငယ်ချင်းဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ်၊ ကိုယ့်ချစ်သူကိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က အလေးအနက် တောင်းပန်ဖို့ လိုလာပြီဆိုရင် ဒီနည်းလေးတွေ သုံးကြည့်။ ဒါဆိုရင် သူနဲ့ကိုယ့်ကြား မလိုလားအပ်တဲ့ အငြှိုးအတေးတွေ၊ ဒေါသတွေ ပြေပျောက်သွားစေမယ်ဆိုတာ သေချာပါတယ်။
၁။အနည်းဆုံး ဖုန်းနဲ့ဖြစ်ဖြစ်၊ လူကိုယ်တိုင်ဖြစ်ဖြစ် တောင်းပန်ပါ။
ကိုယ်ကအမှားလုပ်ထားပေမယ့် sms လေးပို့ပြီး တောင်းပန်မယ်ဆိုရင် သူ့ဘက်ကလည်း တစ်မျိုးခံစားသွားရနိုင်ပါတယ်။ ကြားလူတစ်ယောက်ယောက်ကိုလည်း မပြောခိုင်းပါနဲ့။ ဖြစ်နိုင်ရင် ဖုန်းနဲ့ဖြစ်ဖြစ်၊ လူကိုယ်တိုင်တွေ့ပြီးဖြစ်ဖြစ် တောင်းပန်တာ အကောင်းဆုံးပါပဲ။
၂။ကိုယ်မှားခဲ့တာကို တိတိကျကျ ပြောဆိုတောင်းပန်ပါ။
တောင်းပန်တယ်လည်းဆိုသေး ကိုယ်မမှားသလို ကွေ့ဝိုက်ပြောဆိုနေမယ့်အစား ကိုယ်လုပ်ခဲ့တဲ့အမှားကို တိတိကျကျပြောပြီး တောင်းပန်လိုက်ပါ။ ဥပမာ ညက ငါမင်းကိုရိုက်လိုက်မိတာ တောင်းပန်ပါတယ်။ ဒါမှမဟုတ် မနေ့က မင်းကို လာမခေါ်မိတာ တောင်းပန်ပါတယ်။ အဲ့ဒီလိုမှမဟုတ်လည်း ညက ဖုန်းဆက်မယ်ဆိုပြီး မဆက်ခဲ့မိတာ တောင်းပန်ပါတယ် စသဖြင့်ပေါ့။
၃။ကိုယ်လုပ်ခဲ့တဲ့အမှားအတွက် ကိုယ်ဘယ်လောက်ခံစားရကြောင်း သူသိပါစေ။
ကိုယ်ဒီလို မင်းကို ဆက်ဆံခဲ့မိတာ ကိုယ်အခု နာကျင်နေရပြီ၊ ဒါမှမဟုတ် ငါတို့ဆီမှာ အစီအစဉ်ရှိတယ်ဆိုတာ ငါမေ့သွားတဲ့အတွက် ငါတော်တော် စိတ်မကောင်းဖြစ်ရတယ် ဆိုသဖြင့် သင်ဘယ်လို ခံစားနေရတယ်ဆိုတာ ထည့်ပြောဖို့ မမေ့ပါနဲ့။
၎။ကိုယ့်အမှားအတွက် တစ်ခုခု ကမ်းလှမ်းလိုက်ပါ။
ကိုယ့်အမှားအတွက် သူ့ကို လက်ဆောင်တစ်ခုခု ၀ယ်ပေးတာမျိုး လုပ်ပါ။ ချောကလက်ဗူး၊ ပန်းစည်းတွေအစား သူဘာအသုံးဝင်မလဲဆိုတာတွေးပြီး ၀ယ်ပေးလိုက်မယ်ဆိုရင် သူလည်း ပျော်သွားပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်လုပ်လို့ ပြဲသွားတဲ့ အင်္ကျံ၊ စကတ်အစားကိုယ်က အသစ်တစ်ထည် ၀ယ်ပေးမယ်လို့ ကမ်းလှမ်းလိုက်တာမျိုး ဖြစ်ဖြစ်ပေါ့။
၅။ကိုယ့်ကို အတင်းခွင့်လွှတ်ဖို့ မတောင်းဆိုပါနဲ့။
ကိုယ့်ဘက်က လုပ်သင့်တာတွေလုပ်ပြီးပြီ၊ တောင်းပန်ပြီးပြီဆိုပေမယ့် သူ့ဘက်က အင်တင်တင်ဖြစ်နေတုန်းဆိုရင် သူတို့ကို ဒီအတိုင်း စဉ်းစားချိန်ပေးလိုက်ပါ။ အတင်းကြီး ခွင့်လွှတ်ဖို့ ဖိအားမပေးမိပါစေနဲ့။
Ref:womenshealthmag.com

 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment