မိုက်ကယ်ဂျက်ဆင်လို့ ပြောလိုက်ရင် ကမ္ဘာတလွှား သူ့ပရိသတ်တွေက မျက်လုံးပင့်သွားကြမယ်ထင်ပါ တယ်။ အခုလည်း မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေထဲက သူ့ကို အရှုးအမူးဖြစ်ပြီး မိုက်ကယ်နဲ့ အခြေခံ ရုပ်လက္ခဏာတူတဲ့ မိုက်ကယ်ဂျက်ဆင် အသစ်တဦး ပေါ်လာပါပြီ။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ Antonio Gleidson Rodrigues က မိုက်ကယ်ဂျက်ဆင်နဲ့ မတူတူအောင် သူ့ရုပ်ကို ဖန်တီးထားပြီး အဝတ်အစားတွေဆိုလည်း မိုက်ကယ်ဂျက်ဆင် ဝတ်စားလေ့ ရှိတဲ့ပုံစံမျိုးတွေ ကို ရွေးစုဆောင်းရပါတယ်တဲ့။
သူ့ရဲ့ ကပြဖျော်ဖြေမှုတွေ လုပ်တဲ့အခါ အထူးသဖြင့် မိုက်ကယ်ဂျက်ဆင်ရဲ့ Moon Walk ဆိုတဲ့ ကကွက် ကိုလည်း မိုက်ကယ်ဂျက်ဆင်အလား ထင်မှတ်မှားလောက်အောင် ကောင်းမွန်လို့ ပရိသတ်တွေကလည်း အားပေးကြတယ်။ ဒီအပြင် သူနဲ့ ဓာတ်ပုံတွေ တွဲရိုက်ကြလေ့ ရှိပါတယ်။
လူတွေက မိုက်ကယ်ဂျက်ဆင် သေဆုံးသွားခဲ့ပေမယ့် သူ့အနုပညာ၊ သူ့ ဂီတ၊ သူ့အကတွေကို အခုထိ မက်မော တမ်းတနေတယ်ဆိုတာ ဘရာဇီး မိုက်ကယ်ဂျက်ဆင်က သက်သေထူနေပါတယ်။
The Irrawaddy's Blog

0 comments:
Post a Comment