Friday, August 1, 2014

ကားသံရည်ကျိုစနစ်ပြောင်းလိုက်ခြင်းကြောင့် စောင့်ရသည့်အချိန်ပိုကြာလာ


သံရည်ကျိုကားများအားတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

သီလဝါသင်္ဘောဖျက် စက်ရုံတွင် ကားသံရည်ကျိုသည့် စနစ်ပြောင်းလဲလိုက်သောကြောင့်သံရည်ကျိုမည့်ကားအများစု ယခင်ကထက် အချိန်ပိုစောင့်ဆိုင်းနေရကြောင်း အရည်ကျို ကားပိုင်ရှင်များထံမှသတင်းရရှိသည်။

 ‘‘အရင်ကထက် စာရွက်စာ တမ်းတွေပိုတောင်းလာပြီး အစီး ရေတွေများတော့ စောင့်နေရတယ်’’ဟု ဇုန်ကားတစ်စီးကို သံရည်ကျိုရန်သီလဝါသို့သွားရောက်ခဲ့သည့်ကားပိုင်ရှင်တစ်ဦးကပြောသည်။


ယခင်တစ်ရက်လျှင် အစီး ၂၀ မှ အစီး ၃၀ နီးပါးပြီးစီးသော် လည်း ယခုနောက်ပိုင်းတွင် တစ် ရက်လျှင် ငါးစီးမှ ၁၀ စီးမျှသာပြီး စီးကြောင်း အထက်ပါကားပိုင်ရှင် ကပြောသည်။

ယာဉ်ပိုင်ရှင်အနေဖြင့် မူရင်းမှတ်ပုံတင်ယူဆောင်လာရခြင်း၊ယခင်ကထက် စာရွက်စာတမ်း များအပိုင်းတွင် လုပ်ဆောင်ရ သည်များ  ပိုမိုလာခြင်းကြောင့် ယခုကဲ့သို့ကြန့်ကြာနေရသည်ဟု ကားအရောင်းပြခန်းပိုင်ရှင်တစ် ဦးဖြစ်သည့်  ဦးဇော်ဝင်းကဆို သည်။

လက်ရှိတွင် ယာဉ်အိုယာဉ် ဟောင်းစနစ်အရ ၁က ကားများ အပါအဝင် အစိုးရ၏ကြားဖြတ် အစီအစဉ်အရ စက်မှုဇုန်ထုတ် ကားများကိုပါ  ယာဉ်အိုယာဉ် ဟောင်းအဖြစ်  အပ်နှံခွင့်ပြုခဲ့ခြင်း ကြောင့်   ယခုလိုမူလကထက် လက်ခံအပ်နှံအရည်ကျိုရသည့် ကားအစီးရေများပြားလာခြင်းဖြစ် ကြောင်း ဦးဇော်ဝင်းက ခန့်မှန်း ပြောဆိုသည်။

‘‘အရင်က အရည်ကျိုအပ်နှံ တဲ့နေရာမှာ အက္ခရာတစ်ခုချင်းစီ ကို လပေါင်းများစွာလက်ခံတာ လေ။ အခုက ကြားဖြတ်ဖြစ်နေ တဲ့ဇုန်ကားတွေပါ  လက်ခံနေရ တော့ အရင်ကထက်ပိုကြာနေတဲ့ သဘောပါ’’ဟုဦးဇော်ဝင်းကဆို သည်။

ယာဉ်အိုယာဉ်ဟောင်းအပ် နှံခွင့်ပေးခဲ့သည့် ၂၀၁၂ ခုနှစ် စက် တင်ဘာလမှ ယနေ့အထိ စာရင်း များအရ ယာဉ်အိုယာဉ်ဟောင်း အစီးရေ တစ်သိန်းခွဲကျော်အထိ လက်ခံဆောင်ရွက်ပေးနေပြီဖြစ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

7 Day Daily

0 comments:

Post a Comment