Thursday, July 3, 2014

Net Ray SONY City Mart Slik Air MAI ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို ကျောင်းသားသမဂ္ဂဘက်မှ ဖျက်သိမ်း


ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် လူ့အခွင့်အရေး
ရုပ်ရှင်ပွဲတော်၌ ၈၈ မျိးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်ကို
တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ အဖွင့်အမှာစကားပြောခွင့် ပိတ်ပင်ခဲ့သောကြောင့် ရုပ်ရှင်ပွဲတော်ကို
ဖျက်သိမ်းခဲ့ရကြောင်း ဇူလိုင်လ ၃ ရက်နေ့ 7 Day Daily သတင်းစာတွင် ရေးသားထားသည်။

အဆိုပါပွဲတွင် ဦးမင်းကိုနိုင်က အဖွင့်အမှာစကား ပြောကြားမည့် အစီအစဉ်ကို တက္ကသိုလ်
အုပ်ချုပ်ရေးအဖွဲ့မှ ကန့်ကွက်ခဲ့သောကြောင့် ကျောင်းသားသမဂ္ဂက ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

"ရုပ်ရှင်ပွဲတော် ကျင်းပဖို့ကို ခွင့်ပြုတယ်။ဒါပေမယ့် ကျွန်တော်တို့ နောင်တော်မျိုးဆက်ဖြစ်တဲ့
ကိုမင်းကိုနိုင်က အဖွင့်အမှာစကားပြောမှာကို ခွင့်မပြုပေးဘူးဆိုတော့ ရုပ်ရှင်ပွဲတော်ရဲ့ တာဝန်ရှိသူ
တွေအနေနဲ့ရော၊ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ အနေနဲ့ရော ဒီပွဲဆက်ကျင်းပဖို့
အခက်အခဲရှိတယ်။ ခန်းမအပြည့် လာကြတဲ့ ကျောင်းသားထုတွေ၊ သတင်းမီဒီယာတွေရဲ့ ရှေ့မှာဘဲ
ဖျက်သိမ်းလိုက်ရမယ့် အကြောင်းကို ကြေညာပြီး ဒီပွဲကို ဖျက်သိမ်းလိုက်တာပါ"ဟု
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုစည်သူမောင်က ပြောကြောင်း 7 Day Daily
သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

လူ့အခွင့်အရေးပွဲတော်တွင် ဆုရရှိခဲ့သည့် ရုပ်ရှင်ကား ၉ ကားကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌
ဇူလိုင်၂ ရက်တွင် ပြသရန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် ဒါရိုက်တာ
မင်းထင်ကိုကိုကြီးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများကို ပညာဗဟုသုတရရှိစေရန် ရုပ်ရှင်ကားများ ပြသခွင့်ပြုသော်လည်း
တက္ကသိုလ်ဝင်းအတွင်း ကျောင်းနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများ ၀င်ရောက်ခြင်းကို
ခွင့်မပြုနိုင်ကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမေက္ခချုပ် ဒေါ်ခင်နိုင်ဦးက ပြောကြောင်း
မဇ္ဈိမသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့
ဝဇီရာနှင့်ဂျန်းရှင်းစကွဲ ရုပ်ရှင်ရုံများ၌ ကျင်းပခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့တွင် ဆူးလေ
ရှန်ဂရီလာဟိုတယ်တွင် ဆုပေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဦးဝင်းတင်ဆု အပါအ၀င်
အခြားဆုများ ချီးမြှင့်ခဲ့သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ရုပ်ရှင်ပွဲတော်ကျင်းပခွင့် ရရှိခြင်းသည် ပထဆုံးဖြစ်ပြီး
ကျောင်းသား ကျောင်းသူပေါင်း ကိုးရာကျော်ခန့် လာရောက်ခဲ့ကြောင်း သိရသည်။

မြန်မာတိုင်း(မ်)

0 comments:

Post a Comment