Thursday, July 3, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် နိုင်ငံအသင်း သူရဲကောင်းတွေကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တဲ့ အယ်လ်ဂျီးရီးယား ပြည်သူလူထု

အယ်ဂျီးရီးယားလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်းအဆင့်မှာ ဂျာမနီအသင်းကို ၂-၁ နဲ့  ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် အယ်လ်ဂျီးရီးယားဟာ ဂျာမနီကို အကောင်းဆုံးယှဉ်ပြိုင်ကစား နိုင်ပါတယ်။

အယ်လ်ဂျီးရီးယားဟာ နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ တစ်ခုတည်းသော အာဖရိကအသင်း ဖြစ်ပြီး ဘရာဇီးကမ္ဘာ့ဖလား ကွာတားအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းမရှိပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့  ကြိုးစားအားထုတ်မှုကိုတော့ ကမ္ဘာကပါ အသိအမှတ်ပြုခဲ့ရပါတယ်။

လက်ရွေးစင်အသင်းတစ်ခုလုံး အယ်လ်ဂျီးရီးယားနိုင်ငံ ပြန်ရောက်ချိန်မှတော့ နိုင်ငံရဲ့ သူရဲကောင်းတွေအဖြစ် ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပါတယ်။ အသင်းဟာ အမိုးဖွင့်ဘတ်စ်ကားနဲ့ အတူ လမ်းမတွေမှာ လှည့်လည်ခဲ့ပြီး အယ်လ်ဂျီးရီးယားပြည်သူတွေရဲ့ ချီးမွမ်းသြဘာပေးမှုကို ခံယူခဲ့ပါတယ်။

နောက်မှာတော့ အယ်လ်ဂျီးရီးယားအသင်းသားတွေ မိမိအိမ်အပြန်ခင် ၀န်ကြီးချုပ် Abdelmalek Sellal ကိုယ်တိုင်တွေ့ ဆုံကာ ကျေးဇူးတင် နှုတ်ခွန်းဆက်စကားဆိုခဲ့ပါတယ်။



Ref: Metro.co.uk

0 comments:

Post a Comment