Thursday, July 31, 2014

NCCT ထိပ်သီးအစည်းအဝေးအပြီးတွင် အစိုးရနှင့်အချက်လေးချက်အပေါ်ရပ်တည်ဆွေးနွေးသွားမည်


ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ယမန်နေ့ကပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးအပစ်ရပ်ရေး NCCT ထိပ်သီးအစည်းအဝေးအပြီးတွင် အစိုးရနှင့်အချက် လေးချက်အပေါ် ရပ်တည်ဆွေးနွေးသွားရန် ခေါင်းဆောင်ကိုယ်စားလှယ်များ ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း အစည်းအဝေးအပြီးပြုလုပ်သည့် ရှင်းလင်းပွဲတွင် ခေါင်းဆောင်များကပြောသည်။ ယင်းအချက်လေးချက်မှာ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးတို့ဖြစ်ကြောင်း ၄င်းတို့ကပြောသည်။
''တိုင်းရင်းသားအားလုံးအနေ နဲ့ဒီမူတွေအပေါ်မှာ ဆက်လက်ရပ် တည်သွားမယ်။ ဆွေးနွေးသွား မယ်။ ဒါကိုတော့တို့အလျော့မခံနိုင် ဘူး၊ကျန်တဲ့အပိုင်းတွေကတော့ သေး သေးမွှားမွှားပေါ့ဗျာ၊ သိပ်အရေး မပါပါဘူး။အဲဒီပြဿနာကို အစိုးရ ဘက်က သဘောတူလက်ခံမယ်ဆို ရင် ဖြေရှင်းမှုအောင်မြင်သွားမယ်။ ဒါအခိုင်မာဆုံးဆုံးဖြတ်ချက်ပေါ့'' ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကပြောသည်။
NCCT အကြံပေးဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက တိုင်း ရင်းသားအဖွဲ့စည်းများအားလုံးတန်း တူ အနေအထားဖြင့်ဆွေးနွေးခဲ့ပြီး ၂ဝ၁၃လိုင်ဇာဆွေးနွေးပွဲ ဆုံးဖြတ် ချက်နှင့် ၂ဝ၁၄ဇန်နဝါရီ လော်ခီး လာဆုံးဖြတ်ချက်တို့ကို အတည်ပြု ခဲ့ကြောင်း၊ NCCT အနေဖြင့်UPWC နှင့် ညှိနှိုင်းဆောင်ရွက်သည့် အခါတွင် အခက်အခဲရှိသည့်အပိုင်း များတွင် ခေါင်းဆောင်များ၏အဆုံး အဖြတ်ကို ခံယူခြင်းဖြစ်ကြောင်း၊ဆုံး ဖြတ်ချက်များသည် NCCT ဆက် လက်လုပ်ငန်းလုပ်ဆောင်ရေးအတွက် များစွာအထောက်အကူပြုမည်ဟု သုံးသပ်မိကြောင်းပြောသည်။
NCCT အနေဖြင့် မူဝါဒနှင့် မပတ်သက်သည့် အခြားကြန့်ကြာ နေသည့်အပိုင်းများကို ဆုံးဖြတ်ပိုင် ခွင့်ရရှိခဲ့ကြောင်းသိရသည်။
''လက်ခံအောင်တော့ ဒီမူ အပေါ်မှာပဲ ဆက်လက်ဆွေးနွေး သွားမယ်။ အဓိကအားဖြင့် သူ (အစိုးရ)တို့က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအပေါ်မှာ သံ သယရှိနေတဲ့အပိုင်းတွေ ဒီလူတွေ ဟာခွဲထွက်သွားမလားဆိုတာတွေ၊ ဒီလိုအခွင့်ရေးမျိုးပေးလိုက်ရင် ခွဲထွက်မယ်။ ဒါကို မဟုတ်မမှန် ကြောင်း ကျွန်တော်တို့က ပြောမယ် တစ်ဖက်ကလဲ စစ်မှန်တဲ့ပုံစံမျိုးနဲ့ လက်ခံအောင်ဆွေးနွေးသွားမယ်'' ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံ သာကထပ်လောင်းပြောကြားသည်။
NCCT နှင့် UPWC တို့ရေး ဆွဲထားသော တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချူပ် Single Text ဒုတိယ(မူကြမ်း)ကို NCCT ထိပ်သီးအစည်းအဝေးတွင် လေးရက်ကြာပြုလုပ်ဆွေးနွေးသုံး သပ်ပြီးဖြစ်ကာ အထက်ပါအတိုင်း ဆုံးဖြတ်ချက်များချမှတ်ခဲ့ခြင်းဖြစ် သည်။

The Union Daily

0 comments:

Post a Comment