Friday, July 4, 2014

နိုင်ငံသားများအကြား အမုန်းပွားစေမည့် ကိစ္စရပ်များကို ရှုတ်ချရန် သမ္မတပြော


မန္တလေးမြို့၌ ပဋိပက္ခ အချို့ ထပ်မံဖြစ်ပေါ်နေသည့် ကာလတွင် နိုင်ငံတော်သမ္မတက နိုင်ငံသားများအကြား အမုန်း တရားပွားစေမည့် ကိစ္စရပ်များကို ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရန်လိုကြောင်း ပြောကြားလိုက်သည်။


 ယခုလ ၃ ရက်တွင် ပြော ကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း၌  ‘‘ နိုင်ငံသားများအကြား အမုန်းတရားပွားစေမယ့် အပြုအမူ အပြောအဆိုအရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရာမှာ ဖြစ်ပါတယ်’’ ဟု ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတအနေဖြင့် အစိုးရအ ဖွဲ့ခေါင်းဆောင်ဖြစ်သောကြောင့် ၎င်း၏သဘောဆန္ဒကို ထုတ်ပြန် ခြင်းဖြစ်ပြီး လက်တွေ့ဆောင်ရွက် မှုတွင်  ဥပဒေနှင့်အညီ ထိထိ ရောက်ရောက် ဆောင်ရွက်ရန်လို ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေက ပြော သည်။

‘‘ဥပဒေကို လက်တွေ့အ ကောင်အထည်ဖော်မှပဲ ဒီကိစ္စတွေကို ထိန်းနိုင်မယ်။ နှုတ်က ပြောနေရုံနဲ့ မရဘူး။ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသင့်သူကို ယူရမယ်။ အခုတော့ ဒီလိုမဟုတ်ဘူး’’ ဟု  ဦးလှဆွေက ပြောသည်။

 တိုင်းပြည်အတွင်း ပြုလုပ် လျက်ရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ  အောင်မြင်နိုင် ရေးအတွက်  နိုင်ငံသားအားလုံး တစ်ဦးနှင့်တစ်ဦး သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်မှသာ တည် ငြိမ်အေးချမ်းပြီး   လုပ်ငန်းစဉ်များအောင်မြင်မည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

   ‘‘သမ္မတကပြောပေမယ့် ဒီလိုတွေ  ခဏခဏ ဖြစ်နေတဲ့အ ပေါ်မှာ  ကျွန်တော်မြင်တာက တော့ လမ်းညွှန်ချက်နဲ့ လက်တွေ့ လုပ်ဆောင်မှုကို ပေါင်းစပ်တဲ့အ ပိုင်းမှာ အားနည်းချက်တွေ ရှိ တယ်လို့ မြင်တယ်။ သမ္မတအနေ နဲ့ကလည်း မလုပ်နိုင်ဘဲနဲ့ မပြော သင့်သလို အောက်ခြေကလည်း ပြောတဲ့အတိုင်းလုပ်ဖို့ လိုတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်းက ပြောသည်။

ထို့ပြင် ယခုကဲ့သို့ ပဋိပက္ခ ဖြစ်စဉ်များသည်  အသွင်ကူး ပြောင်းသော နိုင်ငံအများစုတွင် ကြုံတွေ့ရသောအခြေအနေတစ် ရပ်ဖြစ်ပြီး ဥပဒေဘောင်အတွင်း မှ ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်သင့်ကြောင်း  ဦးရဲ ထွန်းကဆိုသည်။

7 Day Daily

0 comments:

Post a Comment