Tuesday, July 8, 2014

အမိုက်စား ရုပ်ရှင်ကားတွေဖြစ်လာနိုင်တဲ့ ဗီဒီယိုဂိမ်းတွေ

ရောင်းအားအကောင်းဆုံး စာအုပ်တွေကို အခြေခံထားတဲ့ ရုပ်ရှင်ကား အများအပြားကို ကျွန်တော်တို့  ကြည့်ပြီး ဖြစ်သလို ဗီဒီယိုဂိမ်းတွေရဲ့ လွှမ်းမိုးမှုအရှိန်အ၀ါအောက်မှာ ဖြစ်တည်လာတဲ့ ရုပ်ရှင်ကားတွေလည်း ထွက်ခဲ့ပြီး ပါပြီ။ ဒါပေမယ့် တစ်ချို့ ကားတွေဟာ စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားတာကိုတော့ ၀န်ခံရပါမယ်။ အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဂိမ်းတွေဟာတော့ အလန်းစားရုပ်ရှင်ကားတွေ ဖြစ်လာနိုင်ပါတယ်။

၁။ God Of War

ဂရိဒဏ္ဍာရီလာ ရဲ့ ဖြုံရလောက်အောင်ကြမ်းတဲ့ ဇာတ်လမ်းတွေကို ရိုက်တာလောက် ကောင်းတာမရှိတော့ဘူး။ God of War ဟာ လူ့ သမိုင်းကို လေ့လာတဲ့ စာကြမ်းပိုးတွေ စိတ်ကျေနပ်ရအောင်လည်း ရှေးခေတ် နတ်ဘုရား တွေ အကုန်ပါတယ်။ ရုပ်ရှင်ကြမ်းပိုးတွေ အာသာပြေရလောက်အောင်လည်း ဒရာမာ အမြင့်စားတွေ ကောင်းကောင်းပါတယ်။ သွေးသံရဲရဲ တိုက်ခိုက်တာမှ ကြိုက်တယ်ဆိုတဲ့လူတွေအတွက်လည်း အက်ရှင်ခန်းတွေ တသီကြီးပါတယ်။ ပြီးတော့ တန်ခိုးစွမ်းအားတွေကြီးလှပါတယ်ဆိုတဲ့ ဂရိနတ်ဘုရားတွေ ဆောက်တည်ရာမရဖြစ်နေတာကို ကြည့်ရတာလည်း ပျော်ဖို့ ကောင်းမှာပါ။
၂။ Dead Space

Dead Space ဆိုတာ Half Life ,Doom, Gears of Wars နဲ့ တခြား အကြမ်းဆုံးဂိမ်းတွေ ပေါင်းထားသလိုပါပဲ။ အာကာသရဲ့ မှေးမှိန်နေတဲ့တစ်နေရာဆီမှာ သတ္တုတူးဖော်ရေးလုပ်နေတဲ့ အာကာသယာဉ် ကနေ အရေးပေါ် အချက်ပြမှုတစ်ခုရလိုက်ပြီး ဇာတ်ကောင်ကို အဲဒီယာဉ်ဆီ စေလွှတ်လိုက်တာပါ။ ဒါပေမယ့် သူရောက်သွားတဲ့ အခါမှာတော့ အကုန်လုံးက သေနေပြီး ထူးထူးဆန်းဆန်း ကြောက်စရာကောင်းတဲ့ သတ္တ၀ါတွေက သူ့ ကို လာတိုက်ခိုက်ပါတော့တယ်။ ခေတ်ရှေ့ ပြေးသိပ္ပံနည်းပညာကို ကိုးကွယ်တဲ့ဘာသာတရားတစ်ခုက အသည်းအသန် လိုက်ရှာနေတဲ့ ရုပ်ကြွင်းတစ်ခုကို မြေကြီးထဲက ဖော်ပြီးလိုက်တဲ့အချိန်မှာ ဒီအဖြစ်အပျက် တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကဲ ဘယ်လိုလဲ။ စိတ်ဝင်စားစရာမကောင်းဘူးလား။
၃။ Halo

ကမ္ဘာကျော် Halo ဂိမ်းကိုတော့ အထူးတလည် မိတ်ဆက်စရာမလိုပါဘူး။ တော်တော်ရုပ်ဆိုးပြီး ကြောက်စရာ ကောင်းတဲ့ ဂြိုလ်သားအကောင်တွေ ရန်ကနေ လူသားတွေကို ကယ်တင်ရမှာဖြစ်ပြီး လွန်ခဲ့ နှစ် ထောင်ပေါင်း များစွာက မျိုးနွယ်စုတစ်ခုက ချန်ခဲ့တဲ့ ကမ္ဘာရဲ့ စွမ်းအင်အကြီးဆုံးလက်နက်ကို ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။ Halo ကိုသာ ရုပ်ရှင်ရိုက်လိုက်လို့ ကတော့ ၀က်ဝက်ကွဲ အောင်မြင်မှာ အသေအချာပါပဲ။
၎။ Devil May Cry

သူ့ အမေကို သတ်သွားတယ်ဆိုတဲ့ နတ်ဆိုးဘုရင်ကို လက်စားပြန်ချေဖို့ ဆိုတာ Dante ရဲ့ ရည်မှန်းချက်ပါပဲ။ နောက်ပိုင်းမှာတော့ Dante ဟာ သူ နဲ့ အမြွှာတော်စပ်သူ နတ်ဆိုးနဲ့ တိုက်ခိုက်ရပြီး သူ့ အဖေကလည်း နတ်ဆိုး တစ်ကောင်ပဲ ဆိုတာ သိလိုက်ရပါတော့တယ်။ အနီးကပ်တိုက်ပွဲတွေ၊ အကောင်းဆုံး နောက်ခံစကားပြော၊ Dante တိုက်ခိုက်တဲ့ နည်းစနစ်တွေနဲ့ နတ်ဆိုးဆန်သလို လူသားလည်းဆန်တဲ့ Dante ဇာတ်ကောင် ပုံစံတွေက Devil May Cry ကို အကောင်းဆုံးဂိမ်းတစ်ခုဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ ဇာတ်ကားသာ ထွက်လာရင်တော့ဗျာ။
၅။ Hellgate: London

ငရဲပြည်ရဲ့ ဂိတ်တံခါးကို ဖွင့်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ရင် ဘာတွေ ဖြစ်လာမလဲ။ ဆူညံရှုပ်ယှက်ခတ်နေတဲ့ အနာဂတ် လန်ဒန်မြို့ တော်ကြီးကော ဘာဖြစ်သွားမလဲ။ ၀ရုန်းသုန်းကားရှုပ်ယှက်ခတ်ကုန်မှာပဲ။ ဒီလို ၀ရုန်းသုန်းကားပုံစံမျိုးကလည်း ကျွန်တော်တို့ အကြိုက်ပေါ့။ ဧရာမမကောင်းဆိုးဝါးသတ္တ၀ါတွေ၊ နဂါးတွေ၊ နတ်ဆိုးတွေနဲ့ ခင်ဗျား စိတ်ကူးနဲ့ တွေးလို့ ရသမျှ ဆိုးရွားတဲ့ အကောင်တွေ ငရဲနက်ထဲကနေ လွတ်ထွက်လာပြီး နတ်ဆိုးရဲ့ တာဝန်ကို အပြည့်အ၀ထမ်းဆောင်ပေးတော့မှာ။ လူသားတွေဟာ သူတို့ ကို တိုက်ခိုက်ရန်မူလာတဲ့ မိစ္ဆာကောင်တွေ ရန်ကနေ လူသားမျိုးနွယ်ကို ခုခံကာကွယ်ဖို့ နောက်ဆုံးမျှော်မှန်းချက်အနေနဲ့ ရဲရင့်တဲ့ လူသားစစ်တပ် တစ်တပ် ကို ဖန်တီးလိုက်ပါတယ်။ ကဲ ဒီဗီဒီယို ဂိမ်းသာ ရုပ်ရှင်ကားအဖြစ် ထွက်လာလို့  ကတော့ ဘာပြောကောင်းမလဲဗျာ။
Ref: mensxp.com

0 comments:

Post a Comment