Thursday, July 10, 2014

အောင်ဘာလေထီ မင်္ဂလာစုံတွဲစနစ်ကနေ ပဒေသာစနစ်ပြောင်းမည်



လာမယ့် ၂၀၁၄ သြဂုတ် ၁ ရက်နေ့ကစ ဖွင့်မယ့် ၃၀၇ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကနေစ လက်ရှိ ကျင့်သုံးနေတဲ့ မင်္ဂလာစုံတွဲ ယူနစ်ဆုစနစ်ကို ဖျက်သိမ်းပြီး ပဒေသာယူနစ် ဆုမဲစနစ်ကို ပြောင်းလဲ ကျင့်သုံးသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ပြောင်းလဲကျင့်သုံးမယ့်စနစ်အရ ထီဆုကြေးတွေကို ကျပ် သိန်း ၁၅၀၀၊ ၁၀၀၀၊ ၅၀၀၊ ၃၀၀ ကနေ ကျပ် ၂ သိန်း ဆုတွေအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပြီး ကျပ် ၁ သိန်းနဲ့ ကျပ် ၅ သောင်း ဆုတွေကိုတော့ ပဒေသာယူနစ် ဆုမဲတွေအဖြစ် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ပဒေသာဆုမဲ ဆိုတာကတော့ ထွက်ပေါ်လာတဲ့ ရှေ့ဂဏန်း ၄ လုံး တူညီရုံနဲ့ အက္ခရာ မတူညီတာရော၊ နောက်ပိုင်း ဂဏန်း မတူတာတွေကိုပါ ဆုကြေး ချီးမြှင့်မယ့်စနစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

လာမယ့် သြဂုတ် ၁ ရက်နေ့ ထီဖွင့်ပွဲမှာ ဆုမဲပေါင်း ၂ သောင်း ၈ ထောင်နီးပါး ဖွင့်လှစ် ပေးသွားမယ်လို့ ကြေညာထားပါတယ်။

DVB

0 comments:

Post a Comment