Tuesday, July 8, 2014

ဖေ့ဘုတ်အသုံးပြုသူများ၏ စိတ်ခံစားချက်အား သုတေသနပြုခဲ့မှုမှာ ဆိုးဝါးသည့် လုပ်ဆောင်ချက်ဟု ဖေ့စ်ဘုတ် ၀န်ခံ


အသုံးပြုသူများ၏ စိတ်ခံစားချက် အပေါ် အငြင်းပွားဖွယ်သုတေသနပြု ခဲ့မှုနှင့်ပတ်သက်၍ အမှန်တကယ် ဆိုးဝါးစွာ ဆောင်ရွက်ခဲ့မိသည်ဟုဖေ့စ် ဘုတ်၏ လုပ်ငန်းပိုင်းဆိုင်ရာအရာရှိ ချုပ် ရှာရယ်ဆန်းဘာ့ဂ်က ပြောကြား လိုက်သည်။ ဖေ့စ်ဘုတ်သည် ၂၀၁၂ က အသုံးပြုသူ ၇၀၀,၀၀၀ နီးပါး၏ ခံစားမှုဆိုင်ရာ တုံ့ပြန်ချက်များအား တစ်ပတ်ကြာ လျှို့ဝှက်လေ့လာခဲ့သည် ဟုဆိုသည်။ ဖေ့စ်ဘုတ်က အသုံးပြု သူများမသိစေဘဲ ၎င်းင်းတို့၏ news feed တွင် သတင်းဆိုးနှင့် သတင်းကောင်းများ ထည့်သွင်းဖော်ပြကာ အသုံးပြုသူများ၏ တုံ့ပြန်ပုံ ကို လေ့လာခြင်းဖြစ်သည်။ သုတေသနအကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့ပြီးနောက် ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်မှု များ အွန်လိုင်းတွင် ဒေါသတကြီး ပေါ်ထွက်လာခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သည့် အမျိုးသမီးစီးပွားရေးသမားများတွေ့ဆုံပွဲသို့ တက်ရောက်လာစဉ် ဖေ့ဘုတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရှာရယ်ဆန်းဘာ့ဂ်က ပြောကြား ခဲ့ခြင်းဖြစ် ပြီး ကိုယ်ရေးအချက်အလက်လုံခြုံ မှုနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်က အမှန်တကယ် အလေးအနက်ထားသည်ဟု ပြောကြားခဲ့သည်။

ထိုသုတေသနနှင့် ပတ်သက်၍ ဗြိတိသျှအာဏာပိုင်များက စစ်ဆေးနေသည်ဟု ဗုဒ္ဓဟူးနေ့တွင် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဖေ့စ်ဘုတ်သည်ထိုသုတေသန အားကော်နယ်တက္ကသိုလ်၊ ကယ်လီဖိုးနီးယား တက္ကသိုလ်တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝန်းဖေ့စ်ဘုတ် အသုံးပြုသူသန်း တစ်ထောင်ကျော်ရှိသဖြင့် အသုံးပြု သူများ၏ စိတ်ခံစားချက် အား ဖေ့စ် ဘုတ်က လွှမ်းမိုးနိုင်စွမ်းရှိလာမည်ကို စိုးရိမ်ကာ ပြစ်တင်ဝေဖန် သူများပေါ် ထွက်လာခြင်းဖြစ်သည်။ အသုံးပြုသူ များအပေါ် သုတေသနလုပ်ရာတွင် ကျင့်ဝတ် စည်းကမ်းများအတိုင်းသာ လုပ်ဆောင်သင့်သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

Channel News Asia website

0 comments:

Post a Comment