အေးရှားဝေါဆိပ်ကမ်း တွင် ၂ နှစ်ခန့် ပိုင်ရှင်မဲ့ဖြစ်နေ သော ကွန်တိန်နာ နှစ်လုံးထဲတွေ့ခဲ့ရသည့် BMW နှင့် ODESSY အမျိုးအစားပါ တန်ဖိုးကြီး ဇိမ်ခံ ကားခုနစ်စီးကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်စစ်ဆေးရေးက လေလံစာရင်းသွင်းလိုက်ကြောင်း သတင်းရရှိသည်။
အေးရှားဝေါဆိပ်ကမ်းတွင် ရက်ပေါင်း ၆၀၀ နီးပါးကြာသည် အထိ ပိုင်ရှင်မပေါ်ခဲ့သော ကွန်တိန်နာနှစ်လုံးကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ က ဇူလိုင် ၂၄ ရက်၌ ဖွင့်လိုက်ရာ BMW နှင့် ODESSY အမျိုးအစားတန်ဖိုးကြီး ဇိမ်ခံကားခုနစ်စီးကို တွေ့ခဲ့ရ၍ လေလံစာရင်းသို့သွင်းလိုက်ခြင်းဖြစ်သည်။
ကားများ သိမ်းဆည်းပြီး နောက် ကွန်တိန်နာပုံးခွံများကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။
ကွန်တိန်နာပုံးများထဲမှ ပစ္စည်းများကို ထုတ်ယူရန် တင်သွင်း လာခဲ့သော ကုမ္ပဏီနှင့် အဆက် အသွယ်မရခဲ့ဘဲ ကုန်သေတ္တာပိုင် ရှင်က ၎င်းတို့၏ ကုန်သေတ္တာများ ကို ပြန်တောင်းနေသောကြောင့် ဖွင့်ခဲ့ကြခြင်းဖြစ်သည်။
အေးရှားဝေါဆိပ်ကမ်း သို့ ၂၀၁၂ ဇွန်နှင့် အောက်တိုဘာ လအတွင်း ရောက်ခဲ့သော T-S Lines ပိုင် ကွန်တိန်နာ နှစ်လုံးမှာ ပိုင်ရှင်မဲ့များ ဖြစ်နေကြောင်းသိရသည်။
7 Day Daily

0 comments:
Post a Comment