Tuesday, July 1, 2014

Air KBZ လေကြောင်းလိုင်း ရန်ကုန်-မဲဆောက်-ရန်ကုန် ခရီးစဉ် အောက်တိုဘာတွင် စတင်ပျံသန်းမည်


Air KBZလေကြောင်းလိုင်း၏ ရန်ကုန်-မဲဆောက်-ရန်ကုန်ခရီးစဉ်အား လာမည့်အောက်တိုဘာလတွင် စတင်ပျံသန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Air KBZ လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံအခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် အကျိုးတူပူးပေါင်း၍ ရန်ကုန်-မဲဆောက် -ရန်ကုန် ခရီးစဉ်အား ပျံသန်းမည်ဖြစ်သည်။

“ကျွန်တော်တို့ လေကြောင်းလိုင်းက ထိုင်းနိုင်ငံကNok Air လေကြောင်းလိုင်းနဲ့ အကျိုးတူပူးပေါင်းပြီး ရန်ကုန်-မဲဆောက်  ခရီးစဉ်ကို ပျံသန်းမှာဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာမှာ ခရီးစဉ် စတင်ပျံသန်းနိုင် ဖို့စီစဉ်ထားပါတယ်” ဟု Air KBZ လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ ဦးမြတ် သူက ပြောပါသည်။

Air KBZလေကြောင်းလိုင်းသည် ATR 72-600 လေယာဉ်နှစ်စီး၊ ATR 72-500  လေယာဉ်လေးစီး စုစုပေါင်း လေယာဉ် ခြောက်စီးဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ကလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ သံတွဲ၊ စစ်  တွေမြို့ ခရီးစဉ်များ ပျံသန်းလျက်ရှိကြောင်း  သိရသည်။

Air KBZ လေကြောင်းလိုင်း၏ ခုနစ် စင်းမြောက်လေယာဉ်သစ်ဖြစ်သည့်  ATR 72-500 လေယာဉ်သည် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ ATR 72-500  အမျိုးအစား လေယာဉ်မှာ ပြင်သစ်နိုင်ငံ ATR Company  မှ အသစ်ထပ်မံဝယ်ယူခဲ့ခြင်းဖြစ်ပြီး Air KBZ လေကြောင်းလိုင်း စတင်တည်ထောင် ပျံသန်းခဲ့သည့် ၂ဝ၁၁ ဧပြီမှ ယခု သုံးနှစ် ကျော်ကာလအတွင်း ခုနစ်စင်းမြောက် ဝယ်ယူသည့်လေယာဉ်ဖြစ်ကြောင်း သိရသည်။

Air KBZ လေကြောင်းလိုင်း၏ ခြောက် စင်းမြောက်ဝယ်ယူသည့် ATR 72-600  လေယာဉ်သည် ဇွန် ၂၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media Group

0 comments:

Post a Comment