Tuesday, July 1, 2014

Lanaya The Templar Assassin

Lanaya လို့အမည်ရတဲ့ Templar Assassin ဟာ ထူးထူးခြားခြား Physical Damage ပမာဏ အမြောက်အမြားနဲ့ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Agility Carry Hero တစ်ကောင် ဖြစ်ပါတယ်။ Range Hero တစ်ကောင်လို့ပြောလို့ရရုံသာရှိတဲ့ 140 Attack Range နဲ့ စတင်ကစားပေးရမယ့် Templar Assassin ဟာ ကစားသမားရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီး Ability အဆင့် တင်ပေးရမယ့် အခြေအနေတွေ
လည်း ပြောင်းလဲသွားလေ့ရှိပါတယ်။ သူ့ရဲ့ Meld နဲ့ ထိထိမိမိ တိုက်ခိုက်နိုင်ဖို့အတွက် Attack Range အကွာအဝေးအသင့်အတင့်ရှိဖို့ လိုအပ်တယ်ဆိုပေမယ့် ကျွမ်းကျင်ပြီး နေရာယူတော်တဲ့ ကစားသမားတွေ
အတွက်ကတော့ Lane ပေါ်မှာ အသာစီးရယူနိုင်ပြီး Physical Damage ကို အသင့်အတင့်များပြားတဲ့ ပမာဏထပ်ပေါင်းပေးပြီး မိမိပေါ်ကို ကျလာသမျှ Damage တွေကို အကန့်အသတ်နဲ့ ကာကွယ်ပေးနိုင်တဲ့ Refraction နဲ့ အစောပိုင်း ရန်သူကို ပျော့ဖတ်သွားလောက်အောင် များပြားတဲ့ Armor ပမာဏကိုလျှော့ပြီး တိုက်ခိုက်နိုင်တဲ့ Meld ကို ဦးစားပေးတင်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ ဒါ့အပြင် Vision AoE မကြီးသော်လည်း ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အချိန်အကန့်အသတ်မရှိတဲ့ Observer တစ်ခုလို အသုံးပြုလို့ရတဲ့အပြင် ရန်သူကို  Movement Speed နှေးစေပြီး မိမိရဲ့အနီးကပ်တိုက်ခိုက်မှုတွေကို အထောက် အကူပေးနိုင်တဲ့ Ultimate Psionic Trap ဆိုတဲ့ Ability ကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ Late Game မှာ Carry တစ်ကောင်လို အားကိုးလို့ရတဲ့ Lanaya ဟာ Early Game မှာလည်း Semi-Carry တစ်ကောင်လို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတဲ့ Escape, Nuke, Protect, Hit, Slow အစရှိတဲ့ ဘက်စုံအသုံးဝင်တဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတဲ့ Agility Female Character Hero တစ်ကောင်ပဲ ဖြစ်ပါတော့တယ်။

Background Story
Lanaya The Templar Assassin ဟာ လျှို့ဝှက်စွာ တည်ဆောက်ထားတဲ့ လေ့လာရေးအဖွဲ့အစည်းက ဆင့်ခေါ်သောကြောင့် ရောက်ရှိလာသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ အခုချိန်မတိုင်မီ အစောပိုင်းနှစ်များက သူမကို တာဝန်ပေးထားတဲ့ သဘာဝဆိုင်ရာစည်းမျဉ်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ကတိပေးထားတဲ့အတိုင်း လေ့လာခဲ့ပါတယ်။ အဂ္ဂိရတ်ပညာနဲ့ မှော်ကျမ်းစာအုပ်များ၊ ခရမ်းရောင်မော်ကွန်းကျောက်စာ များကို ပြန်လည်တူးဖော်လေ့လာခြင်းနဲ့ စွန့်ဦးလူသားများ စိတ်ထက်သန်စွာ ရှာဖွေတွေ့ရှိခဲ့တဲ့ အမှတ်ရဖွယ် မှတ်တမ်းများကို ရှာဖွေလေ့လာရင်း အချိန်တွေကို အကျိုးရှိရှိ အသုံးချခဲ့ပါတယ်။ လျှို့ဝှက်နက်နဲပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ သဘာဝတရားထဲမှာ နေထိုင်ခဲ့ရင်း သူမဟာ ခိုးဝှက်ဖုံးကွယ်သွားလာတတ်တဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့အနားမယူလောက်အောင် ကြိုးစားမှုတွေကြောင့် ဂိုဏ်းဂဏအဖွဲ့အစည်းများအကြားမှာ Thief-Scholar ဆိုတဲ့ အမည်ဆိုးနဲ့ ကျော်ကြားလျက်ရှိပါတယ်။ ဒီတစ်ခါ သူမလုပ်ဆောင်ရမယ့် တာဝန်ကတော့ စကြာဝဠာရဲ့လျှို့ဝှက်ချက်များနဲ့ ဆက်သွယ်ထားတဲ့ တံခါးပေါက်ကို ဖွင့်ဖို့အတွက် ကမ္ဘာအဆုံးကို စေလွှတ်ခြင်း ခံလိုက်ရပါတယ်။ Lanaya ဟာ သူမရရှိထားတဲ့ လုပ်ပိုင်ခွင့်နဲ့ စကြာဝဠာရဲ့တံခါးကိုမဖွင့်ဘဲ သဘာဝတရားထဲမှာ ဖုံးကွယ်ပြီး တည်ရှိနေတဲ့ နတ်ဗိမ္မာန်ဘုံတစ်ခုရဲ့တံခါးပေါက်ကို ရွေးချယ်ပြီး ဖွင့်လှစ်လိုက်ပါတယ်။ အဆိုပါ တံခါးရဲ့တစ်ဖက်တစ်ချက်မှာတော့ လောကမှာ ဘယ်သူမှ ရှာဖွေမတွေ့ရှိသေးတဲ့ အသိပညာပေါင်း မြောက်မြားစွာဟာ Lanaya ကို စောင့်ကြိုလျက်ရှိပါတယ်။ ယခင်က သူမဖော်ထုတ်နိုင်ခဲ့တဲ့ သဘာဝရဲ့လျှို့ဝှက်ချက်များဟာ ယခုတွေ့ရှိသော အရာများနဲ့နှိုင်းယှဉ်ပြောစရာမလိုလောက်အောင် နက်နဲလွန်းတဲ့အတွက် သူမဟာ အဆိုပါ လျှို့ဝှက်ချက်များကို ကာကွယ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဆိုပါ ဗိမ္မာန်ရဲ့လျှို့ဝှက်ချက်ကို ကာကွယ်ဖို့ သစ္စာဆိုကတိပြုလိုက်တဲ့ Lanaya The Templar Assassin ဟာ သူမရဲ့အာသာပြင်းပြစွာ အဆုံးမရှိတဲ့ အသိဥာဏ်ပညာကို ပိုင်ဆိုင်ထားခြင်းအပေါ် ကျေနပ်လျက်ရှိပါတော့တယ်။ သူမမျက်စိရှေ့မှ ရန်သူတစ်ဦးကို နှိမ်နင်းလိုက်တိုင်း နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်များရဲ့ တစ်စွန်းတစ်စဆီကို အနည်းငယ်စီ သိမြင်လာပါတော့တယ်။

Overview
Lanaya ဟာ lvl တက်ဖို့လိုအပ်တဲ့ Hero တစ်ကောင်ဖြစ်တဲ့အပြင် lvl နိမ့်ပြီး Creep အသွားအလာများတဲ့ လမ်းမျိုးမှာ Gank လို့ မကောင်းတဲ့အတွက် Mid Lane က ရွေးချယ်ဖို့ အသင့်ဆုံးလို့ ပြောလို့ရပါတယ်။ Mid Lane မှာ နေခွင့်ရတဲ့ Hero အများစုဟာ တစ်ဖက်အသင်းရဲ့ Mid Lane Hero နဲ့ယှဉ်ပြီး Creep စားဖို့အပြင် Deny ပါ လုပ်ပေးရတဲ့အတွက် Refraction လိုမျိုး Physical Damage ကို အချက်အကန့်အသတ်
နဲ့ ပေါင်းပေးတဲ့ Ability မျိုးရှိသော Templar Assassin အတွက် အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အစောပိုင်းမှာ Meld ထက် Refraction ကို အဆုံးရောက်အောင် တင်ပေးခြင်းဟာ ပိုပြီး အသုံးဝင်
စေပါတယ်။ အကြောင်းက Meld ကို ထိထိရောက်ရောက် အသုံးချဖို့အတွက် Dagger (သို့မဟုတ်) သင့်ရဲ့ Physical Attack Range ကို မြှင့်တင်ပေးမယ့် Psi Blade ကိုလည်း lvl တင်ပေးဖို့လိုတဲ့အတွက်
ဖြစ်ပါတယ်။ 400 radius Vision ပဲရှိတယ်ဆိုပေမယ့် 2000 Range အကွာအဝေးမှ အခြေအနေကို ရုတ်တရက်ကြည့်ရှုနိုင်ဖို့အပြင် Enemy ရဲ့ Movement Speed ကို လျှော့ချပေးနိုင်တဲ့ Ultimate Psionic Trap ဟာလည်း Cooldown ရော Mana ရောနည်းတဲ့ ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်တဲ့ Ability တစ်မျိုးဖြစ်ပါတယ်။ ကစားပွဲတစ်ပွဲမှာ တစ်ဖက်နဲ့တစ်ဖက် Support Player တွေဟာ Observer Ward, Sentry Ward အစရှိတာတွေအတွက် ပိုက်ဆံတွေ အကုန်ကျခံအသုံးပြုနေရပေမယ့် Duration ကုန်သွားခြင်းမရှိတဲ့ Psionic Trap ကို Templar Assassin က lvl 6 ရောက်တာနဲ့ အသုံးပြုလို့ရပါပြီ။

Abilities
အစောပိုင်းတင်ဖို့ အသင့်တော်ဆုံးလို့ပြောလို့ရတဲ့ Refraction မှာ Physical Damage ကို ပေါင်းပေးတဲ့ သက်ရောက်မှုအပြင် Damage Block လည်း ပါဝင်ပါတယ်။ Physical Damage Bonus ကတော့ Refraction သုံးပြီးနောက် လာမယ့် Physical ၃/၄/၅/၆ ချက်ကို 20/40/60/80 Damage ပြောင်းပေးမှာမို့လို့ သင့်ရဲ့ Farming ကိုတိကျစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ အဆိုပါ Bonus Damage ဟာ Templar ရဲ့ Raw damage (ဘေးပေါင်း Damage) မှာပေါင်းမှာဖြစ်တဲ့အတွက် Critical Damage တက်တဲ့အခါအတွက်လည်း ထည့်သွင်းတွက်ချက်ပေးပါတယ်။ Refraction ရဲ့ Damage Block ကတော့ Lanaya ပေါ် ကျရောက်လာမယ့် Damage ၆ ခုကို ကာကွယ်ပေးမှာဖြစ်ပေမယ့် Damage အမျိုးအစား ၅ မျိုးထဲကမှ Hp Removal (ဥပမာ-Repture) အမျိုးအစားများကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ 5 Damage ထက်များတဲ့ Damage အမျိုးအစားကို ကာကွယ်ပေးမှာ ဖြစ်တဲ့အတွက် Orb of Venom လိုမျိုး 5 Damage ထက်နည်းတဲ့ Damage per second အမျိုးအစားကြောင့် Refraction က ပျက်သွားမှာ မဟုတ်ပါဘူး။

Meld ဟာ တစ်ဆင့်စီယူလိုက်တိုင်းမှာ 50/100/150/200 Physical Damage တိုးပြီး ထိသွားမှာဖြစ်ပြီး အဓိကအကျဆုံးအချက်ကတော့ 2/4/6/8 Armor လျော့စေတဲ့အချက်ပဲ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် -8 Armor ဆိုတာ အလွန်များပြားတဲ့ ပမာဏတစ်ခုလို့ပြောလို့ရပြီး 10 seconds duration ရှိပါတယ်။ Meld ဟာ Cooldown 7 seconds ပဲရှိတယ်ဆိုပေမယ့် Meld ကြောင့် Armor လျော့ပြီးသား Unit
တစ်ခုကို နောက်ထပ် -8 armor လျော့စေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ Armor လျော့ချိန်ကို 10 seconds အဖြစ် ပြန်လည်အသစ်ဖြစ်သွားစေမှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Dota ထဲမှာရှိသမျှ Invisible တွေထဲမှာ Meld ဟာ fade time 0.001 second ရှိတဲ့ အတွက် အမြန်ဆုံးကိုယ်ပျောက် ability တစ်ခုဖြစ်ပါတယ်။ Stun မိရင်တောင် ကိုယ်ပြန်ပေါ်မလာနိုင်တဲ့ Meld ဟာ အမြန်ဆုံး ကိုယ်ပျောက် တစ်ခုဖြစ်တယ်ဆိုပေမဲ့ Drow ရဲ့ Gust, Axe ရဲ့ Berserker's Call, Spirit Braker ရဲ့ Greater Bash ကဲ့သို့ နေရာပြောင်းစေတဲ့ Ability များကြောင့် သူမရဲ့ကိုယ်ပျောက်တာကို ပြန်ပေါ်စေပါတယ်။ ပမာဏများတဲ့ 200 Damage ဟာ Raw Damage အမျိုးအစားတစ်ခု မဟုတ်တဲ့အတွက် သင့်မှာသာ Critical တက်တဲ့ Item တစ်ခုခုစပ်ထားမယ်ဆိုရင် အဆိုပါ 200 Damage ကို Critical တွက် ချက်မှာမဟုတ်ပါဘူး။

Lanaya ရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ Attack Range ကိုဖြေရှင်းပေးတဲ့ Psi Blades ဟာ 60/120/180/240 Range ဆီတိုးလာမှာဖြစ်ပြီးတော့ အနောက်ဘက်ကို ထပ်ဖောက်ထွက်ပြီးထိမယ့် Range အတွက်တော့ 590/630/670/710 Range ကို တိုးစေမှာဖြစ်ပါတယ်။ အနောက်ကို ဖောက်ထွက်ပြီးထိတဲ့ Damage ဟာ Invisible unit တွေကို ထိနိုင်တယ်ဆိုပေမယ့် Magic Immune unit တွေကိုတော့ မထိနိုင်ပါဘူး။ Illusion, Building အစရှိတာတွေကို တိုက်ခိုက်တဲ့အခါ Psi Blades ကြောင့် အနောက်ကို ဖောက်ထွက်တဲ့ Damage မရှိနိုင်ဘူးဆိုပေမယ့် Ward (မျက်လုံးတိုင်) များကို တိုက်ခိုက်တဲ့အခါမှာ
တော့ ပုံမှန်အတိုင်းအနောက်ကို ဖောက်ပြီးထိမှာပါ။ အဆိုပါ Psi Blade ကြောင့် ဖောက်ထွက်ပြီး ထိမယ့်အကျယ်အဝန်းက 80 AoE သာရှိတဲ့အတွက် အရမ်းကို သေးငယ်တဲ့အကျယ်အဝန်း ဖြစ်ပါတယ်။ ဒါ့အပြင် Psi Blades ကြောင့် အနောက်ဘက်မှာ ဖောက်ထိမယ့် Unit တွေကို Unique Attack Modifiers (Orb Effect) နဲ့ Meld ကြောင့်ရမယ့် Bonus Damage တွေတော့ ထိမှာမဟုတ်ပါဘူး။ ဒါကြောင့် Range Cleave လို့ ပြောလို့ရတဲ့ Psi Blades ဟာ Farming အတွက် အထောက်အကူဖြစ်တဲ့အပြင် ကျွမ်းကျင်စွာ အသုံးပြုနိုင်လေလေ တစ်ဖက်အသင်း Hero ကိုပါ နှိမ်နိုင်မှာဖြစ်ပါတယ်။

Ultimate Psionic Trap ကတော့ အခြား Carry Hero တွေလိုမျိုး Templar Assassin  ရဲ့ Damage  အတွက် အကျိုးပြုမှာမဟုတ်ပေမယ့် တစ်သင်းလုံးကို အကျိုးပြုတဲ့ Ability တစ်ခုဖြစ်ပါတယ်။ Mid Lane နေမယ့် Lanaya အတွက် Rune Spot ကို ကြည့်လို့ရသလို မိမိအလျင်အမြန်ဆုံး ကြည့်ချင်တဲ့ Vision အတွက် 2000 Range အကွာအဝေးအထိ အမြန်ချသုံးလို့ရတဲ့ Psionic Trap ဟာ တစ်ဆင့်စီ ယူလိုက်တိုင်း 5/8/11 Trap အထိ အသုံးပြုနိုင်မှာဖြစ်ပြီး Cooldown ဟာလည်း 11/9/7 seconds ဆိုပြီးကျသွားမှာဖြစ်ပါတယ်။ Duration ကတော့ Permanent ဖြစ်တယ်ဆိုပေမယ့် မိမိယူထားတဲ့အဆင့်မှာ
အသုံးပြုလို့ရတဲ့ Trap အရေအတွက်ထက် ပိုပြီးအသုံးပြုခဲ့မယ်ဆိုရင် အစောဆုံးနေရာချထားတဲ့ Trap ကစပြီး တစ်ခုစီပျောက်ပါလိမ့်မယ်။ Trap ရဲ့အဓိက Movement Speed Slow ကတော့ အသုံးပြုပြုချင်း ဖောက်လိုက်မယ်ဆိုရင် 375 AoE အတွင်းမှာ ၃၀ ရာခိုင်နှုန်းပဲ နှေးစေမှာဖြစ်ပါတယ်။ Trap ချပြီး တစ်စက္ကန့်ကြာတိုင်း Slow နှုန်းဟာ 5% ဆီ တိုးလာမှာဖြစ်လို့ စုစုပေါင်း ၄ စက္ကန့်ကြာအောင် စောင့်ပြီးစဖောက်မှသာ သူ့ရဲ့ 50% Slow ကို အပြည့်အဝရရှိမှာဖြစ်ပါတယ်။ Fade Time ၂ စက္ကန့်ရှိတဲ့ Psionic Trap ဟာ Observer Ward ကဲ့သို့ Neurtal Creep ပြန်မပေါ်အောင် တားလို့မရပါဘူး။ ဒါပေမဲ့ Roshan ကုန်းထဲမှာ ထောင်လို့ရတဲ့အချက်ကတော့ Observer Ward တွေထက် အားသာတဲ့အချက်ပဲဖြစ်ပါတယ်။ နေ့ရောညပါ 400 Vision ရှိတဲ့ Psionic Trap ကို ဖျက်ဆီးမယ်ဆိုရင်တော့ 12 Experience ရမှာ ဖြစ်ပါတယ်။

Item Build
ပွဲအလယ်မတိုင်ခင်မှာ Ganker တစ်ကောင်လို ဆော့မယ့် Templar Assassin အတွက် Blink Dagger + Phase Boots က ရွေးချယ်ဖို့ သင့်တော်ပါတယ်။ Psionic Trap ကြောင့် Rune တည်နေရာအတွက် အားသာချက်ရှိတာကြောင့် Bottle ဆောင်ထားခြင်းအားဖြင့် Mana အကုန်အကျ သိပ်မများတဲ့ Refraction ကို စိတ်ချလက်ချ အသုံးပြုရင် သင့်ရဲ့ Farming ကိုလည်း အကောင်းဆုံး အထောက်အကူပေးနိုင်ပါတယ်။ Movement Speed ကို မှီခိုနေရတဲ့အတွက် Drum နဲ့ Yasha ကလည်း အထောက်အကူပြုတဲ့ အစောပိုင်း Item များဖြစ်ပါတယ်။ Templar ကဲ့သို့ Attack Range တိုပြီး Physical Damage ကို အားကိုးပြီး တိုက်ခိုက်ရတဲ့ Hero တစ်ကောင်အတွက်တော့ Black King Bar ဟာ မဖြစ်မနေရွေးချယ်သင့်သလို Armor လော့ပေးနိုင်တဲ့ Meld ကို ထပ်မံအကျိုးပြုစေဖို့ Desolator ကလည်း ရွေးချယ်သင့်ပါတယ်။ အဆိုပါ Desolator ကြောင့်ရလာမယ့် Corruption (-6 Armor) ဟာ Stack ဖြစ်စေတဲ့အတွက် စုစုပေါင်း -15 Armor တောင် လျော့စေမှာဖြစ်ပါတယ်။ Desolator ကို ရွေးချယ်ပြီးသွားရင်တော့ Assault Cuirass ကြောင့် -5 Armor လျော့စေမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ Attack Speed တက်ဖို့နဲ့ Armor များများရဖို့ ရွေးချယ်နိုင်ပါတယ်။ Refraction ကြောင့် Damage များကို ကာကွယ်ပေးနိုင်သလို Evasion ပါဝင်တဲ့ Butterfly ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင် Hitter တစ်ကောင်အတွက် Attack Speed ရော Armor ကိုပါ ပေါင်းစေမှာဖြစ်သလို Manta Style, Shadow Blade, Daedalus နဲ့ Heart တို့ကတော့ ပွဲအခြေအနေကို ကြည့်ပြီး မိမိစိတ်ကြိုက် ထပ်မံရွေးချယ်ပေးနိုင်ပါတယ်။

Counters for Templar Assassin
Trademark Ability တစ်ခုဖြစ်တဲ့ Refraction ကို အချိန်အတိုဆုံး ဖျက်ဆီးနိုင်ခြင်းက Lanaya အတွက် အခြေခံ Counter တွေပဲဖြစ်ပါတယ်။ ဒါကြောင့် Damage per Second Ability များ ပါဝင်တဲ့ Darkserr (Ion Shell), Pudge (Rot), Queen of Pain (Shadow Strike) ကဲ့သို့ Hero များကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် Physical Damage ကို အားကိုးရတဲ့ Lanaya ကို အနှောင့်အယှက်ပေးဖို့အတွက် Brewmaster (Draken Haze) နဲ့ Heaven Helberd ကလည်း သင့်တော်တဲ့ Counter ဖြစ်ပါတယ်။

ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ မိမိပိုင်နိုင်တဲ့ ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါတယ်။ လာမယ့် အပတ်မှာတော့ International ကစားပွဲတွေမှာတွေ့လာရပြီး Off-lane မှာ Solo ပုံစံနဲ့ ဆော့လာတဲ့ Strength Tank Hero Tide Hunter အကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
yahooyeeha

P/s: သင်ဒါကို သိပါသလား?
၂၀၁၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လနောက်ဆုံးအပတ်ထိ ကမ္ဘာအနှံ့ Dota 2 အားကစားပြိုင်ပွဲများကနေ ချီးမြှင့်ခဲ့တဲ့ ဆုကြေးငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ $1,716,571.17 ခန့်ရှိပြီး ဖြစ်ပါတယ်။

Internet Journal

0 comments:

Post a Comment