Thursday, June 12, 2014

တိုကျိုဂိမ်းပြပွဲ မြန်မာသွားရောက် လေ့လာမည်


ကမ္ဘာပေါ်တွင် အကြီးဆုံး ဂိမ်းပြပွဲတစ်ခုဖြစ်သော ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပမည့် Tokyo Game Show 2014 သို့ မြန်မာနိုင်ငံမှ ဂိမ်း Developer များနှင့် ကွန်ပျူတာလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အဲဒီပြပွဲမှာ အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ဆိုရင် စီးပွားဖြစ်ကို လုပ်နေကြပြီ။ ထိုင်းနိုင်ငံဆိုရင်လည်း ဂိမ်းဇာတ်ကောင်တွေရေးတဲ့ လုပ်ငန်းကိုဝင်ပြီး လုပ်နေပြီ။ မြန်မာနိုင်ငံကတော့ မနှစ်ကမှ စပြီး လေ့လာတဲ့အဆင့်မှာပဲ ရှိနေသေးတယ်။ ပြည်တွင်းက Developer တွေ သွားပြီး လေ့လာသင့်တဲ့နေရာတစ်ခုပါ’’ ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ဆိုသည်။

Tokyo Game Show ကို ၁၉၉၆ ခုနှစ်မှ စတင်၍ နှစ်စဉ် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် နိုင်ငံတကာမှဂိမ်းစက်များ၊ ဆော့ဖ်ဝဲများ ထုတ်လုပ်ရေးဆွဲသည့် ထိပ်တန်းနည်းပညာ ကုမ္ပဏီများက ၎င်းတို့၏ နောက်ဆုံးပေါ်နည်း ပညာထုတ်ကုန်များကို မိတ်ဆက်လေ့ရှိပြီး ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သော ပြပွဲ၌ Sony မှ PS4 ဂိမ်းစက်နှင့် Microsoft မှ Xbox One ဂိမ်းစက်တို့ကိုလည်း မိတ်ဆက်ခဲ့သည်။

Tokyo Game Show 2014ကိုလာမည့် စက်တင်ဘာ ၁၈ရက် မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ဂိမ်းပြပွဲ၌ ဂျပန်နိုင်ငံအပါ အ၀င် အာရှ ၁၆ နိုင်ငံ၊ မြောက်အမေရိကတိုက်မှ လေးနိုင်ငံနှင့် ဥရောပတိုက်ရှိ ၁၃ နိုင်ငံတို့မှ ဂိမ်းထုတ်လုပ်ရေးဆွဲသည့် ကုမ္ပဏီများ တက်ရောက်ခဲ့ကြပြီး Nintendo, Xbox One, PlayStation, IOS, Android, Smart Phone, Browser Gameနှင့် ကွန်ပျူတာဂိမ်းဆိုင်ရာ Software၊ Hardware ထုတ်ကုန်များကို မိတ်ဆက်ခဲ့သည်။

7 Day Daily

0 comments:

Post a Comment