အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် ရန်ကုန်မြို့စွန်များကိုဦးစား ပေးဝယ်ယူသင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
''အခုဆို တောင်ဥက္ကလာ၊ မြောက်ဒဂုံတို့က ဒီနှစ်ဆန်းပိုင်းထဲ မှာ ဈေးတော်တော်လေး ခုန်သွား တယ်။ အဲဒီအနေအထားမှာ ဈေးက အမြင့်ဆုံးထိဖြစ်သွားတယ်။ ထပ် တက်နိုင်တဲ့အလားအလာမရှိတော့ ဘူး။ ဝယ်လဲဝယ်နိုင်ကြမှာမဟုတ် တော့ဘူး။ အဲဒီအနေအထားဖြစ် တဲ့အတွက် သူ့ထက်ဝေးတဲ့ မြို့စွန် ကတစ်ဆင့် လိုက်တက်နိုင်တယ်။ ရင်းနှီးမြှုပ်နှံမယ်ဆို မြို့စွန်ကို ဦးစား ပေးဝယ်ယူစေလိုပါတယ်''ဟုရွှေကံ မြေအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်း မှဦးခင်မောင်အေးကပြောသည်။
တောင်ဥက္ကလာနှင့် မြောက်ဒဂုံ စသည့်မြို့နယ်များ၏ ဈေးနှုန်းမှာ ယခင်တစ်နှစ်ခွဲကာလနှင့် နှိုင်း ယှဉ်ပါက ဈေးနှုန်းသုံးဆခန့်မြင့် တက်လာခဲ့ပြီး ယခင်လုံးချင်းအိမ် ရာများတွင်ကန်ထရိုက်လုပ်ငန်းများ
ဝင်ရောက်လာ၍ ဈေးနှုန်းများမှာပို မိုမြင့်တက်လာခြင်းဖြစ်ကြောင်း ၄င်း ကပြောသည်။
သင့်တင့်မျှတသော တန်ဖိုးနည်း အိမ်ရာများပေါ်ပေါက်
ရန်မြေဈေးနှုန်းသက်သာသော ရန်ကုန်မြို့စွန် များတွင်သာ ဖော်ဆောင်သင့်သော ကြောင့် ရန်ကုန်မြို့စွန်များ၏မြေဈေး နှုန်းများမှာ ဆက်လက်မြင့်နိုင်ဖွယ်ရှိ ကြောင်း၊ အိမ်ခြံမြေဈေးနှုန်းများလျော့ ကျရန် အိမ်ခြံမြေအခွန် ကောက်ခံ မှုများပြောင်းလဲခဲ့သော်လည်း ငွေ အရင်းအနှီးရှိသူများ ပိုမိုဝယ်ယူနိုင် ၍ ဈေးကစားသူများပိုမိုများပြားလာသောကြောင့် ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးနှုန်းများမှာ ပိုမိုမြင့် တက်မည့်အလားအလာရှိကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင် များက သုံးသပ်သည်။
လက်ရှိဖော်ဆောင်နေသော တန်ဖိုးနည်းအိမ်ရာများနှင့် ပတ် သက်၍လည်း အိမ်ခြံမြေဝန်ဆောင် မှုလုပ်ငန်းရှင်များအသင်းမှ ပြန် ကြားရေးတာဝန်ခံတစ်ဦးက ''တန် ဖိုးနည်းအိမ်ရာက မနည်းတဲ့အပြင် တခြားဟာတွေပါ နောက်ကခုန် တက်သွားတာ၊ အမှန်တကယ်ပြည် သူတွေလက်ထဲကို သင့်တင့်မျှတ တဲ့ဈေးနဲ့ရောင်းပေးချင်ရင် ဝေးရင် ဝေးပါစေ၊ မြေဈေးနည်းတဲ့နေရာမှာ တန်ဖိုးနည်းအောင် ဆောက်နိုင်ရင် သာမန်သူတွေသုံးနိုင်တဲ့ သိန်းတစ် ရာဝန်းကျင်လောက်နဲ့ ရောင်းနိုင်မှ တန် ဖိုးနည်းအိမ်ရာလုပ်လို့ရမှာဖြစ် တယ်''ဟုပြောသည်။
ရန်ကုန်မြို့တွင်း Down Town မြို့နယ်များရှိ အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်များမှာ လက်ရှိ အချိန်၌ အရောင်းအဝယ်နည်းနေ ပြီး အများအားဖြင့် သိန်းငါးရာမှ သိန်းတစ်ထောင်ရှိ တိုက်ခန်းများ ပါ အရောင်းအဝယ်ဖြစ်ပေါ်နေ ကြောင်း၊ အငှားဈေးကွက်တွင်ပုံမှန် သာလုပ်ကိုင်နေရကြောင်း၊ လူကြိုက် များ၍ အရောင်းအဝယ်နှင့် အငှားဈေး ကွက်များပြားသောနေရာမှာ ဈေး နှုန်းအနည်းငယ်မြင့်တက်မှုများသာ ရှိကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင် ဦးဟိန်းမိုးမြင့်လွင်က ပြောသည်။
အိမ်ခြံမြေလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများပြား လာခြင်းကြောင့် မြေဈေးနှုန်းများ မြင့်တက်လာသည့်အပြင် အမှန် တကယ်နေထိုင်ရန် လိုအပ်သောလို အပ်ချက်များပါ ဖြစ်ပေါ်လာလျက် ရှိကြောင်းသိရသည်။ ရန်ကုန်မြို့ တွင်းနေရာများမှာ ဝယ်ယူရန်ဈေး နှုန်းမြင့်မားမှုများကြောင့် ငှားရမ်း မှုသာလက်ရှိ တွင်ကျယ်နေပြီး လုပ် ငန်းနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရန်ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။
မြေနေရာ ဈေးနှုန်းမြင့်မားလာ မှုကြောင့် မြို့လယ်နေရာများအပြင် အခြားဆက်စပ်မြို့နယ်များတွင်ပါ မြေဝယ်ယူစုဆောင်းထားမှုများ လာပြီး မြို့သစ်နေရာများပါမကျန် မြေဝယ်ယူစုဆောင်းခြင်းကြောင့် နေထိုင်ရန်အတွက် အမှန်တကယ် လိုအပ်သူများမှာ မြို့သစ်တန်ဖိုး မျှတအိမ်ရာများကိုသာ မျှော်လင့် နေရသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက် တွင် အမှန်တကယ်နေထိုင်ရန် လို အပ်ချက်ကိုဖြေရှင်းနိုင်ရန်မှာ ငှား ရမ်းနေထိုင်ခြင်းဘက်သို့ ပြောင်း လဲလာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူစုဆောင်းကြသူများသာ ဝယ်ယူမှုများပြားပြီး ပုံမှန်နေထိုင် လိုသူများနှင့် လတ်တလောစီးပွား ရေးပြုလုပ်သူများမှာ ငှားရမ်းအသုံး ပြုမှုကိုသာ အဓိကဆောင်ရွက်နေရ သောကြောင့်၂ဝ၁၂ ခုနှစ်နောက်ပိုင်း တွင်အိမ်ခြံမြေဈေးကွက်၌ ငှားရမ်း မှုမြင့်တက်လာလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း နေထိုင်မှုလိုအပ် ချက်များပြားလာမှုနှင့် ဈေးနှုန်းမြင့် တက်နေမှုများကိုဖြေရှင်းရန် လွယ် ကူစွာသွားလာနိုင်သော လမ်းပန်း ဆက်သွယ်ရေးနှင့် မြို့သစ်များဖော် ဆောင်ရန်လိုအပ်လျက်ရှိနေကြောင်း
ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၄င်း၏အမြင်ကိုပြောသည်။
The Union Daily
0 comments:
Post a Comment