Thursday, March 6, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘူတန်နိုင်ငံ ဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘူတန်နိုင်ငံ ဝန်ကြီးချုပ် H. E. Lyonchhen Tshering Tobgay ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဘာသာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအနုပညာနှင့် စိုက်ပျိုးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အပြန်အလှန် အတွေ့အကြုံ ဖလှယ်ရေး၊ နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်း ဆက်သွယ်နိုင်မည့် အလားအလာများ၊ နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ အကြား
အပြန်အလှန် လည်ပတ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးဉာဏ်ထွန်းအောင်၊ ဒေါက်တာ ဖေသက်ခင်၊ ဒေါက်တာကံဇော်၊ ဦးဌေးအောင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဘူတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့်ရွှေနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

မြန်မာနိုင်ငံနှင့် ဘူတန်နိုင်ငံတို့သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က သံတမန် ဆက်ဆံမှု စတင်ခဲ့ပြီး ယခုခရီးစဉ်သည် ဘူတန်ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

(သတင်းစဉ်)
The Mirror Daily

0 comments:

Post a Comment